အားကစားစိတ်ဓာတ်ဆိုတာ ဘာလဲလို့ မေးလာရင် ကျွန်တော်ဖြေမယ့်အဖြေက ၁။ သန့်ရှင်းစွာ ကစားခြင်း၊ ၂။ ကြိုးကြိုးစားစားကစားခြင်းနဲ့ ၃။ အသင်းဖော်ပြိုင်ဘက်များအပေါ် စာနာစိတ်ထားခြင်းလို့ပဲ ကျွန်တော်က ဖြေပါမယ်။ ကျွန်တော် နက်စတာကို စသိချိန်ကတည်းက သူ ကစားသမားဘဝက အနားယူသွားတဲ့အချိန်အထိ နက်စတာကို ဒီ (၃) ချက်စလုံးနဲ့ကိုက်ညီစွာ မြင်တွေ့ခဲ့ရတယ်။ ကြိုးစားတယ်။ မညစ်ဘူး။ လဲနေရင် ထူပေးတယ်။ အဲဒါတွေထက်ပိုတာက သူ့ရဲ့ ခံစစ်နဲ့ပတ်သက်တဲ့ ပါရမီကို အမြဲတမ်း သက်သေပြနိုင်လေ့ရှိတယ်။ ဒါကြောင့် ဘောလုံးသမိုင်းမှာ ခြေစွမ်းအရရော၊ စိတ်ဓာတ်အရရော၊ နေဝင်ချိန်အထိ အမြင့်ဆုံးခြေစွမ်းကို ထိန်းထားနိုင်တဲ့အပိုင်းမှာပါ ပြည့်စုံတဲ့ လက်တစ်ဆုပ်စာ လူအနည်းငယ်ထဲမှာ နက်စတာက မဖြစ်မနေထည့်ရမယ့်သူဖြစ်တယ်။
■ နက်စတာရဲ့ ခံစစ်အနုပညာကို ပြန်လည်တမ်းတခြင်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















