နမ့်ဆန်မြို့နယ် မြို့သစ် ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သော်လည်း ကျေးရွာအတွင်း လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်း မရှိဟု နစက ထုတ်ပြန်

နမ့်ဆန်မြို့နယ် မြို့သစ် ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သော်လည်း ကျေးရွာအတွင်း လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်း မရှိဟု နစက ထုတ်ပြန်
Published 22 November 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ မြို့သစ် ကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွား ခဲ့သော်လည်း လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်း မရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။

တပ်မတော်က လေကြောင်းအသုံးပြု၍ နမ့်ဆန်မြို့နယ်၊ မြို့သစ် ကျေးရွာအနီးတွင် နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခန့်တွင် ဗုံးကြဲ တိုက်ခိုက် ခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ သေဆုံးခဲ့ရကြောင်းကို လူမှုကွန်ရက်စာမျက်နှာများ၌ သတင်းမှားများ ထုတ်လွှင့် ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရကြောင်း နစကက ထုတ်ပြန်သည်။

တပ်မတော်အနေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် စစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် နမ့်ဆန် မြို့နယ်၊ မြို့သစ်ကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွားစဉ် လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး တပ်မတော်က အဆိုပါ ဖြစ်စဉ်နေရာသို့ လေကြောင်းအသုံးပြု၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း နစက က ထုတ်ပြန်သည်။

Most Read

Most Recent