အိန္ဒိယနိုင်ငံရှိ ကင်ဆာအထူးကုဆေးရုံကြီး HCG နှင့် မြန်မာနိုင်ငံရှိ ALPHA LAB ဓာတ်ခွဲခန်းတို့ MoU လက်မှတ်ရေးထိုး 

အိန္ဒိယနိုင်ငံရှိ ကင်ဆာအထူးကုဆေးရုံကြီး HCG နှင့် မြန်မာနိုင်ငံရှိ ALPHA LAB ဓာတ်ခွဲခန်းတို့ MoU လက်မှတ်ရေးထိုး 
Published 20 November 2023

အိန္ဒိယနိုင်ငံရှိ ကင်ဆာအထူးကုဆေးရုံကြီး HCG နှင့် မြန်မာနိုင်ငံရှိ ALPHA LAB ဓာတ်ခွဲခန်းတို့ MoU လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ Park Royal ဟိုတယ်တွင် နိုဝင်ဘာ ၂၀ ရက်၊မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ MoU လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr. Vinay Kumar က Gest of Honor အဖြစ် တက်ရောက် အမှာစကားပြောကြားခဲ့ပြီး HCG ဆေးရုံနှင့် ALPHA LAB ဓာတ်ခွဲခန်းမှ တာဝန်ရှိသူများက MoU လက်မှတ်ရေးထိုးခဲ့ကြသည်။

 မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr. Vinay Kumar က ''ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံကလည်း အလွန်ရင်းနှီးစွာ နေထိုင်ခဲ့ကြပြီး ကလကတ္တားမြို့နှင့်  မြန်မာနိုင်ငံတို့အကြား ရုပ်ပိုင်းဆိုင်ရာတည်ဆောက်မှုများ တူညီမှုများရှိကြောင်း၊ အိန္ဒိယနိုင်ငံရှိ HCG နဲ့ နားလည်မှုစာချွန်လွှာ ထိုးခြင်းဟာ First Initiative ဖြစ်ပြီး ယခုလိုမျိုး အတွေ့အကြုံရှိသည့် HCG ဆေးရုံအနေဖြင့် အရည်အသွေးပြည့်ဝပြီး စျေးသင့်လျှော်သော ဝန်ဆောင်မှုကို ပေးအပ်နိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း '' ကြောင်း ပြောကြားခဲ့သည်။ 

ဆက်လက်ပြီး GOPIO Myanmar ဥက္ကဋ္ဌ Mr. Ravindra Jain က '' ဒီနေ့အခမ်းအနားက HCG Oncology Hospital India နှင့် ကျွန်တော်တို့ အတိုင်ပင်ခံကုမ္ပဏီကြား အရေးပါတဲ့အခမ်းအနားဖြစ်ပါတယ်။ ဒီနေ့ပွဲက HCG နဲ့ ALPHA LAB တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲလည်းဖြစ်ပါတယ်။ ALPHA LAB က မြန်မာနိုင်ငံမှာ ဦးဆောင်ဓာတ်ခွဲခန်းကုမ္ပဏီတစ်ခုဖြစ်ပြီး အခွဲပေါင်း ၉ ခုရှိပါတယ်။  HCG ကင်ဆာဆေးရုံကြီးအနေနဲ့  စျေးနှုန်းသက်သာတဲ့ ဝန်ဆောင်မှုများ ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံနဲ့ အိန္ဒိယရှိ ကလကတ္တားမြို့အကြားမှာ  နေ့စဉ် လေယာဉ်ပျံသန်းမှုရှိပြီး တစ်နာရီခွဲခန့်သာ ကြာမြင့်ပါတယ်။ အိန္ဒိယရှိ ဆေးကုသစရိတ် ကုန်ကျစရိတ်ကလည်း အခြားမြို့များစသည့် ဘန်ကောက်ကဲ့သို့သော ဆေးရုံများထက် ၅၀ သို့မဟုတ် ၆၀ ရာခိုင်နှုန်းခန့်သက်သာပါတယ် " ဟု ပြောကြားခဲ့သည်။ 

ထို့နောက် ALPHA LAB ဓာတ်ခွဲခန်းမှ အဏုဇီဝဗေဒအတိုင်ပင်ခံဆရာဝန်ကြီး ဒေါက်တာခွာညိုဇင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာဆရာဝန်ကြီးများက ကင်ဆာနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာများ ဟောပြောခဲ့ကြသည်။

အိန္ဒိယနိုင်ငံရှိ ကင်ဆာအထူးကုဆေးရုံကြီး HCG ဆေးရုံကြီးတွင် ကင်ဆာရောဂါရှိမရှိ Medical Checkup ပြုလုပ်လိုခြင်း၊ ကင်ဆာအလုံးအကြိတ်များအား ခွဲစိတ်ခြင်း၊ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ကင်ဆာဆေးသွင်းခြင်း၊ ကင်ဆာရောဂါနှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်လိုပါက ALPHA LAB ဓာတ်ခွဲခန်းမှတစ်ဆင့်ဆက်သွယ် မေးမြန်းနိုင်ကြောင်းသိရသည်။ 

Most Read

Most Recent