ဖိလစ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရန် ဒူတာတေး အဆိုပြု

ဖိလစ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရန် ဒူတာတေး အဆိုပြု
Published 10 December 2016

ပဋိပက္ခများ ချုပ်ငြိမ်းစေရန်နှင့် စီးပွားရေး တိုးတက်မှုအား ပို၍အားကောင်းစေရန် အတွက် ပြည်ထောင်စု အစိုးရစနစ်တစ်ရပ် ဖော်ဆောင်နိုင်ရန် ၁၉၈၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ဖြည့်စွက်ရန် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက အဆိုပြုခဲ့ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အထူးပြင်ဆင် ဖြည့်စွက်မှုများအား အဆိုပြုရန်အတွက် အဖွဲ့ဝင် ၂၅ ဦးပါသည့် အဖွဲ့ထူထောင်ရန် ဒူတာတေးက သမ္မတအမိန့်ကို လက်မှတ်ထိုးခဲ့ပြီး ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒူတာတေးက မကြာမီခန့်အပ်မည့် အဖွဲ့ဝင်များပါဝင်သော အကြံပြုကော်မတီသည် ကွန်ဂရက်တွင် မဲခွဲဆုံးဖြတ်မည့် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရန် အဆိုပြုချက်များ တင်သွင်းရန်အတွက် အချိန် ခြောက်လရမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ အတွင်းဝန် ဆယ်ဗာဒိုမီဒီယယ်ဒီယာက ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။
၁၉၈၇ ခုနှစ်တွင် အတည်ပြုခဲ့သော လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာရှင် ဖာဒီနန်မားကို့စ်လက်ထက်က ထူထောင်ခဲ့သော ပါလီမန်စနစ်အား ဖျက်သိမ်းခဲ့ပြီး ကိုလိုနီနိုင်ငံဟောင်း အမေရိကန်နှင့် အလားတူသော သမ္မတစနစ်အား ကျင့်သုံးနေခြင်းဖြစ်သည်။
ပြည်ထောင်စု အစိုးရစနစ်သည် နိုင်ငံတောင်ပိုင်းတွင် လူနည်းစု မွတ်စလင်များနှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခအား အဆုံးသတ်ရာတွင် အထောက်အကူပြုနိုင်ကြောင်း ဒူတတေးက ပြောကြားခဲ့သည်။ မွတ်စလင်တို့နှင့် ပဋိပက္ခအတွင်း လူပေါင်း ၁၂၀ç၀၀၀ ကျော် သေဆုံးခဲ့ပြီး လူနှစ်သန်းခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။
မွတ်စလင်သူပုန် ထိပ်တန်းအဖွဲ့နှစ်ဖွဲ့သည် နိုင်ငံတောင်ပိုင်းတွင် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအတွက် ကြိုးပမ်းလာမှုသည် ဆယ်စုနှစ်လေးခု ကြာမြင့်လာပြီဖြစ်သည်။ ပြည်ထောင်စုအစိုးရစနစ်က လူနည်းစုများအား နိုင်ငံရေးနှင့် စီးပွားရေး အခွင့်အာဏာပို၍ ပေးအပ်ထားခြင်းကြောင့် သူပုန်ထမှုများအား အဆုံးသတ်စေနိုင်မည်ဟု ယုံကြည်ကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။
လာမည့်နှစ်အနည်းငယ်အတွင်း ကွန်ဂရက်က ပြည်ထောင်စုအစိုးရစနစ်အား ပြဋ္ဌာန်းနိုင်ခဲ့ပါက ၎င်း၏သက်တမ်းကုန်ဆုံးမည့် ၂၀၂၂ ခုနှစ်မတိုင်မီ ရာထူးမှစော၍ နုတ်ထွက်နိုင်ကြောင်းလည်း ဒူတာတေးက ကတိပြုခဲ့သည်။ ယင်းစနစ်ပြဋ္ဌာန်းနိုင်ခဲ့လျှင် ရွေးကောက်ပွဲခေါ်ယူရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော်သွားမှာပါ။ စိတ်မပူနဲ့။ ကျွန်တော့်မှာ ဘာရည်မှန်းချက်မှ မရှိပါဘူး” ဟု ဒူတာတေးက ဆိုခဲ့သည်။
လက်လီကဏ္ဍနှင့် အခြားကဏ္ဍများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများအား ရာခိုင်နှုန်း ၄၀ အထိ ကန့်သတ်ထားခြင်းကဲ့သို့သော ကန့်သတ်မှုများအား ပြင်ဆင်ခြင်းဖြင့် စီးပွားရေးအတွက် ပို၍ တံခါးဖွင့်ပေးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းအား ဒူတာတေးက လိုလားနေသည်ဟု မီဒီယယ်ဒီယာက ပြောကြားခဲ့သည်။ sdhf
လူနည်းစု အစုအဖွဲ့များတွင် ပါဝင်သူများ အပါအဝင် အထက်လွှတ်တော်အမတ်များက သမ္မတ၏ အဆိုပြုချက်အတိုင်း လုပ်ဆောင်မည်ဟု မျှော်လင့်ရသည်။ Ref ; AFP