လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ကိုရီးယား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ ကိုရီးယားနိုင်ငံတွင် တွေ့ဆုံဆွေးနွေး

လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ကိုရီးယား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ ကိုရီးယားနိုင်ငံတွင် တွေ့ဆုံဆွေးနွေး
Published 28 October 2016
မျိုးမင်းထက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အောက်တိုဘာ ၂၇ ရက်တွင် ကိုရီးယား သမ္မတနိုင်ငံ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ H.E. Mr.Chung Sye-kyun နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr.Chung Sye-kyun ၏ ဖိတ်ကြားချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အောက်တိုဘာ ၂၆ ရက် ညပိုင်းတွင် စတင်ထွက်ခွာပြီး ကိုရီးယားနိုင်ငံ အင်ချွန်လေဆိပ်သို့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်သို့ ရောက်ရှိရာ ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များက ကြိုဆိုခဲ့ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဧည့်မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဦးဝင်းမြင့်သည် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ H.E. Mr.Chung Sye-kyun ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း ပြည်သူ့လွှတ်တော်ရုံးက သတင်းထုတ်ပြန်ထားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အတူ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဦးလှထွန်းအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်နှင့် အခြားတာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ကိုရီးယားခရီးစဉ်သည်ဒ ုတိယအကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်အတွက် ပထမဆုံးသော ပြည်ပခရီးစဉ် တစ်ခုဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

Most Read

Most Recent