၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က သြဂုတ် ၂၃ ရက်တွင် အတည်ပြုခဲ့သည်။ အဆိုပါဥပဒေတွင် အစိုးရမှ တင်ပြသည့် နိုင်ငံတော်၏ အသုံးစရိတ် ကျပ် ၂၀၇၃၆ ဘီလျံ မှ ကျပ်ဘီလျံ ၄၇၀ ဝန်းကျင်ကို ဖြတ်တောက်ကာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဖြတ်တောက်လျှော့ချခဲ့သည့် ဝန်ကြီးဌာနများတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှလွဲ၍ ကျန်ဝန်ကြီးဌာနများ၏ မူလအသုံးစရိတ်များကို ဖြတ်တောက် လျှော့ချခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ သာမန်သုံးငွေ ကျပ် ၉၇၈၀ ဒသမ ၁၃၀ သန်းမှ ကျပ် ၂၂၀ သန်းကို လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ သာမန်သုံးငွေ ကျပ် ၂၅၇၃၇၀ ဒသမ ၅၄၁သန်းမှ ကျပ် ၁၀၁၉ သန်းကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၉၀၄၇၈ ဒသမ ၉၁၁ သန်းမှ ကျပ် ၁၁၄၄၂ ဒသမ ၃၀၂ သန်းကို လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ သာမန်သုံးငွေ ကျပ် ၃၅၃၉၇ ဒသမ ၃၁၈ သန်းမှ ကျပ် ၁၃၃၆ ဒသမ ၅၅၅ သန်းနှင့် ငွေလုံးငွေရင်းသုံးငွေ ကျပ် ၅၀၂၁ ဒသမ ၀၂၈ သန်းမှ ကျပ် ၉၈ ဒသမ ၉၇၆ သန်းကို လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ သာမန်သုံးငွေကျပ် ၁၇၆၄၄ ဒသမ ၂၄၈ သန်းမှ ကျပ် ၁၅၆ သန်းကို လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၇၂၂၈၂၆ သန်းမှ ကျပ် ၁၁၃၀၀၇ ဒသမ ၀၁၆ သန်းကို လည်းကောင်း၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း သုံးငွေကျပ် ၈၀၄၁၃ ဒသမ ၃၈၇ သန်းမှ ကျပ် ၉၂၄၃ သန်းကို လည်းကောင်း အသီးသီး လျှော့ချခွင့်ပြုခဲ့သည်။
ထို့အတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ သာမန်သုံးငွေ ကျပ် ၁၈၆၀၆ ဒသမ ၂၂၆ သန်းမှ ကျပ် ၆၆ သန်းနှင့် ငွေလုံးငွေရင်းသုံးငွေ ကျပ် ၈၈၅၂ ဒသမ ၃၇၈ သန်းမှ ကျပ် ၁၃ ဒသမ ၆၅၀ သန်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၃၆၂၀ ဒသမ ၀၈၂ သန်းမှ ကျပ် ၁၂၀ ဒသမ ၀၈၅ သန်း၊ စက်မှုဝန်ကြီးဌာန၏ သာမန်သုံးငွေကျပ် ၈၇၂၀ ဒသမ ၀၂၃ သန်းမှ ကျပ်သန်း ၃၀ နှင့်ငွေ လုံးငွေရင်း သုံးငွေ ကျပ်သန်း ၈၂၃၆ ဒသမ ၇၂၀ မှ ကျပ်သန်း ၆၅၈ ဒသမ ၈၇၀၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သာမန်သုံးငွေ ကျပ် ၁၄၀၃၄ ဒသမ ၈၁၈ သန်းမှ ကျပ် ၉၈ သန်း နှင့် ငွေလုံးငွေရင်းသုံး ငွေကျပ် ၁၀၂၉ ဒသမ ၁၀၅ သန်းမှ ကျပ် ၄၀ ဒသမ ၈၅၃ သန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သာမန်သုံးငွေ ကျပ် ၄၆၄၉၉ ဒသမ ၂၁၇ သန်းမှ ကျပ် ၃၅၂ ဒသမ ၀၇၉ သန်းနှင့် ငွေလုံးငွေရင်းသုံးငွေ ကျပ် ၆၈၁၁၀ ဒသမ ၇၈၇ သန်းမှ ကျပ် ၁၂၈၂၃ ဒသမ ၁၈၁ သန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၄၆၇၃၅၄ ဒသမ ၅၁၃ သန်းမှ ကျပ် ၈၀၁၀၈ ဒသမ ၅၀၀ သန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၃၆၃၅ ဒသမ ၅၂၆ သန်းမှ ကျပ် ၁၀၀ ဒသမ ၄၈၇သန်း၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ သာမန်သုံးငွေ ကျပ် ၃၈၉၇ ဒသမ ၄၃၆ သန်းမှ ကျပ် ၃၀ ဒသမ ၇ သန်းတို့ကို လျှော့ချခွင့်ပြုခဲ့သည်။
“ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေကို လုံးဝဖြတ်တောက်ခြင်း မပြုပါဘူး။ ပြီးတော့ အသစ်ဖွဲ့စည်းတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရယ် မဖြတ်ပါဘူး။ နောက် ကာကွယ်ရေးဝန်ကြီးဌာန၊ အရင်တုန်းက စိစစ်ဖြတ်တောက်ထားတဲ့အတိုင်း ကျွန်တော်တို့ အတည်ပြုခဲ့ပါတယ်။ အခုဟာက ပြင်ဆင်ချက် တင်တာပါ။ တကယ်တော့ ဒီ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေဆိုတာ ပထမအကြိမ် လွှတ်တော်ကတည်းက ဇန်နဝါရီလကတည်းက အတည်ပြုထားပြီးသားပါ။ ဒါပေမဲ့ အခုအစိုးရအနေနဲ့ ဝန်ကြီးဌာန ၃၁ ခုကနေ ဝန်ကြီးဌာန ၂၂ ခုထိ လျှော့ချ ဖွဲ့စည်းခဲ့တဲ့အတွက်ကြောင့် လိုက်လျောညီထွေမှုရှိအောင် ဒီပြင်ဆင်ချက်ကို တင်ပြလာခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် ပြန်စိစစ်လိုက်တဲ့အခါမှာ လျှော့ချသင့်တဲ့ အနေအထားတွေကို လျှော့ချလိုက်တာပါ။ မူလကတည်းက ဒီဘတ်ဂျက်က စိစစ်ထားပြီးသားပါ။ သို့သော် ကျွန်တော်တို့ ပြန်စိစစ်တဲ့အခါ ဒီနှစ်ထဲမှာ အကောင်အထည်ဖော်နိုင်ဖို့ အဓိကထားတဲ့ လုပ်ငန်းတွေ ရှိတယ်။ တချို့ကတော့ ပြည်ပချေးငွေ ထောက်ပံ့တာတွေ ရှိမယ်။ အဲဒါတွေကျတော့လည်း ချေးငွေစာချုပ်တွေအရ အမှန်တကယ် ရနိုင်မယ့်ဟာတွေ၊ မူလမှန်းစဉ်တုန်းက ဒီဘတ်ဂျက်ပြင်ဆင်မှုလုပ်နေတာဟာ ၂၀၁၅ ဒီဇင်ဘာလလောက်ကတည်းက ပြင်ဆင်မှုလုပ်နေတဲ့ အခါကျတော့ အဲဒီအခြေအနေနဲ့၊ အခုအခြေအနေနဲ့ တကယ့်အခြေအနေဆိုတာ ရှိတယ်။ တချို့ကျတော့ ထောက်ပံ့မှုတွေ ရှိတယ်။ လက်မှတ်ထိုးရတာတွေ ရှိတယ်။
စာချွန်လွှာလဲရတာတွေ ရှိတယ်။ အချိန်မီ မရောက်နိုင်တာတွေ ရှိတယ်။ ဒါတွေ ပြန်စိစစ်တာပေါ့”ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ ခေါင်းစဉ်အောက်မှ ပြန်ကြားရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၁၈၆၅ ဒသမ ၄၂၄ သန်းမှ ကျပ် ၁၂၅ ဒသမ ၁၃၆ သန်းနှင့် သာမန်သုံးငွေ ကျပ် ၁၆၇၃၆ ဒသမ ၃၆၃ သန်း မှ ကျပ်သန်း ၂၀၀၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၂၃ ဒသမ ၉၀၁ သန်းမှ ကျပ် ၄ သန်း၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၃၂၃၆၇၆ ဒသမ ၉၂၅ သန်း မှ ကျပ် ၄၅ ဒသမ ၄၁၅ သန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၂၃၄ ဒသမ ၄၉၆ သန်းမှ ကျပ် ၂၄ ဒသမ ၅၀၂ သန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၃၃၆၄၃၂ ဒသမ ၄၃၄ သန်း မှ ကျပ် ၄၉၆၆ ဒသမ ၆၉၆ သန်းနှင့် သာမန်သုံးငွေ ကျပ် ၄၀၁၄၅၂၀ ဒသမ ၈၀၁ သန်းမှ ကျပ် ၁၄၂၈၆၃ ဒသမ ၁၄၉ သန်း၊ စက်မှုဝန်ကြီးဌာန၏ သာမန်သုံးငွေကျပ် ၁၁၁၇၉၇ ဒသမ ၆၀၅ သန်းမှ ကျပ်သန်း ၂၅၀ နှင့် ငွေလုံးငွေရင်းသုံးငွေ ကျပ် ၂၅၉၃၂၄ ဒသမ ၅၄၃ သန်းမှ ကျပ် ၄၄၁၀၂ ဒသမ ၆၁၄ သန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ငွေလုံး ငွေရင်းသုံးငွေ ကျပ် ၁၅၁၄၀ ဒသမ ၀၅၈ သန်း မှ ကျပ်သန်း ၉၀၅ ဒသမ ၄၆၇ တို့လည်း ဖြတ်တောက် လျှော့ချခဲ့သည်။
ဝန်ကြီးဌာန ၁၆ ခုမှ အသုံးစရိတ်များ လျှော့ချ၍ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြု















