ရန်ကုန်ကလေးဆေးရုံကြီး၊ သွေးရောဂါနှင့် ကင်ဆာရောဂါ ကုသဆောင်တွင် သုံးနှစ်တာအတွင်း တက်ရောက်ကုသခဲ့သည့် ကလေးကင်ဆာရောဂါများအနက် သွေးကင်ဆာကို အများဆုံးတွေ့ရှိရပြီး ငါးနှစ်အောက်ကလေးငယ်များတွင် အဖြစ်အများဆုံး တွေ့ရှိခဲ့ရကြောင်း ရန် ကုန်ကလေးဆေးရုံကြီးနှင့် ဆေးသုတေသန ဦးစီးဌာနတို့မှ သတင်းရရှိသည်။မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် အဓိကကျန်းမာရေး ပြဿနာများအနက် ကလေးကင်ဆာ ရောဂါသည်တစ်ခု အပါအဝင်ဖြစ်ပြီး ဖြစ်ပွားမှုနှုန်းမှာလည်း နှစ်စဉ်မြင့်တက်လျက်ရှိကြောင်းနှင့် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကလေးကင်ဆာရောဂါနှင့် ပတ်သက်၍ သိရှိနားလည်မှုနည်းပါးနေကြောင်း သိရသည်။ကလေးကင်ဆာရောဂါ ဖြစ်ပွားမှု အခြေအနေများ သိရှိနိုင်ရန် ရန်ကုန်ကလေးဆေးရုံကြီး၊ သွေးရောဂါနှင့် ကင်ဆာရောဂါကုသဆောင်တွင် ကုသမှုခံယူခဲ့ကြသည့် အသက် ၁၄ နှစ်အောက် ကလေးငယ် စုစုပေါင်း ၆၀၉ ဦးကို လေ့လာခဲ့ရာ ယင်းတို့အနက် ၃၄၉ ဦး (၆၂ ဒသမ ၆ ရာခိုင်နှုန်း) မှာ သွေးကင်ဆာ ဝေဒနာရှင်များဖြစ်ပြီး ကျန် ၂၃၀ (၃၇ ဒသမ ၈ ရာခိုင်နှုန်း) မှာ အဖုအကြိတ်ကင်ဆာရောဂါကို ခံစားနေကြရသူများဖြစ်ကြောင်း သိရှိရသည်။ကလေးကင်ဆာရောဂါများအနက် အဖြစ်အများဆုံး ရောဂါလေးမျိုးမှာ Acute Lymphoblastic ၊ Acute Myeloblastic Leukemia ၊ Non-HoDkin's Lyphoma နှင့် Retinoblastoma တို့ဖြစ်ပြီး အခြားအဖြစ်များသည့် ကလေးကင်ဆာ ရောဂါများမှာ Neuroblastoma Wilm's tumou ၊ Germcell Tumour နှင့် Rhabdomyo-sarcoma တို့ဖြစ်ကြောင်း သိရသည်။ထို့ပြင် ကလေးကင်ဆာ ရောဂါသည် မိန်းကလေးများထက် ယောကျ်ားလေးများတွင် ပိုမိုဖြစ်ပွားသည်ကို တွေ့ရပြီး ယောကျ်ားလေး၊ မိန်းကလေးအချိုးမှာ ၁ ဒသမ ၅ အချိုး ၁ ရှိကြောင်း သိရသည်။ထို့ပြင် ကလေးကင်ဆာရော ဂါဝေဒနာရှင်များ၏ ထက်ဝက်ခန့် မှာ ငါးနှစ်အောက် ကလေးငယ်များ ဖြစ်ပြီး အသက် ၁၀ နှစ်ကျော် သွားပါက ဖြစ်ပွားမှုနှုန်းနည်းပါးသွားသည်ကို တွေ့ရကြောင်းလည်း သိရသည်။ထို့ပြင် ၂၀၁၅ ခုနှစ်အတွင်းကလည်း ရန်ကုန်ကလေးဆေးရုံကြီးတွင် ကလေးသွေးကင်ဆာလူနာများ တွင် Flow Cytometry နည်းပညာဖြင့် ကင်ဆာဆဲလ်များ၏ ရုပ်သွင်ဗီဇ အခြေအနေများကို လေ့လာခဲ့ရာ ပဋိဇီဝလှုံ့ပစ္စည်းအမျိုးအစား ကိုးမျိုး ဖြစ်သည့် CD45, CD34,HLA-DR, CD3,CD7, CD10,CD19,CD13, နှင့် CD33 တို့ကိုအသုံးပြု၍ ကလေးဆေးရုံကြီးတွင် တက်ရောက်ကုသသော သွေးကင်ဆာသံသယရှိလူနာ ၃၄ ဦးတို့၏ သွေး (သို့မဟုတ်) ရိုးတွင်းခြင်ဆီတို့မှ ကင်ဆာဆဲလ်၏ ရုပ်သွင်ဗီဇကိုလည်း လေ့လာခဲ့ကြောင်း သိရသည်။ လေ့လာမှုအရ ကလေးငယ် ၂၇ ဦးတွင် သွေးကင်ဆာဖြစ်သည်ကို တွေ့ရှိရပြီး ယင်းတို့အနက်ကိုးဦးမှာ Acute Myeloid Leukemia ဖြစ်ပြီး ၁၆ ဦးမှာ Acute Lymphoid Leuk-emia နှင့် ကျန်လူနာနှစ်ဦးမှာ Myeloid ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့ရသည်။
ကလေးဆေးရုံကြီး၌ တက်ရောက်ကုသသည့် ကလေးကင်ဆာရောဂါများအနက် သွေးကင်ဆာ အများဆုံးတွေ့ရပြီး ငါးနှစ်အောက် ကလေးငယ်များတွင် အဖြစ်များနေ















