ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်လေး ၁၃ မိုင်တွင် ဒီဇင်ဘာ ၂၆ ရက် နံနက်အစောပိုင်းက သုံးမြွှာပူးမိန်းကလေး မွေးဖွားခဲ့ပြီး၊ ကလေးများမှ ပေါင်မပြည့်၊ လမစေ့သောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေပြီး၊ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဖန်ပေါင်းချောင်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ထားရသည်။
“ကလေးတွေ မွေးတာက၊ လမစေ့သေးဘူး။ ပေါင်လည်း မပြည့်ဘူး။ အဲဒီလို ပေါင်မပြည့် လမစေ့ဖြစ်နေတော့ ကျန်းမာရေးအခြေအနေအရ တစ်ရာ ရာခိုင်နှုန်း မျှော်လင့်လို့ မရဘူး။ ပြာဿနာပေါင်းစုံဖြစ်နိုင်တယ်။ အာမခံလို့ မရဘူး” ဟု တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံမှ ကလေးအထူးကုဆရာဝန်ကြီး တစ်ဦးက ပြောကြားသည်။
သုံးမြွှာပူးကလေးမိဘများမှာ ကရင်ပြည်၊ သံတောင်ကြီးမြို့နယ်၊ မိုင် ၂၀ ကျေးရာနေ၊ ရော်ဘာအစေးခြစ်လုပ်သား ကိုစောလားကပေါ် ၂၅ နှစ်နှင့် မနော်မူမူဖော ၂၃ နှစ်တို့ ဖြစ်ပြီး၊ဒီဇင်ဘာ ၂၆ ရက် နံနက် ၃ နာရီမိနစ် ၂၀ ခန့်တွင်၊ သံတောင်လေး ၁၃ မိုင်ဆေးရုံကြီး၌ ဒေါက်တာကျော်ကျော်ဦးက မနော်မူမူဖောအား ခွဲစိတ်မွေးဖွားပေးခဲ့ခြင်း ဖြစ်သည်။
“ကလေးတွေကတော့ သူတို့ကို မွေးတဲ့ ၂၆ ရက်မှာပဲ တောင်ငူဆေးရုံကြီးကို ရောက်တယ်။ မိခင်ကတော့ မပါသေးဘူး။ နံပါတ်နှစ်ကလေးက ရောက်ကတည်းက ကောင်းလို့ နို့ဘူးတိုက်တာ။ အခု အမေရောက်လာတော့ သူ့ အမေနို့ကို စို့နေပြီ။ နံပါတ်တစ် ကလေးကတော့ သူ့အမေနို့ကို ပိုက်နဲ့တပ်ပြီး နှာခေါင်းကနေ တိုက်နေပြီ၊ နံပါတ်သုံးကတော့ တိုက်လို့မရသေးဘူး” ဟု ကလေးအထူးကုဆရာဝန်ကြီး ဦးရဲထွဋ်ဦးက ပြောကြားသည်။
သံတောင်ကြီးမြို့နယ်တွင် သုံးမြွှာပူး မိန်းကလေး ပေါင်မပြည့် လမစေ့ဘဲ မွေးဖွားခြင်းကြောင့် တောင်ငူမြို့ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်ထား















