ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး၊ ပြည်မြို့နယ် တရားရုံး ဖမ်းဝရမ်း လေးခုဖြင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ကိုမျိုးသူထွဋ်ကို ပီအာရ်စနစ် အလိုမရှိ ဆန္ဒထုတ်ဖော်မှုဖြင့် ထောင်ဒဏ်လေးလ ချမှတ်ခဲ့ကြောင်း သတင်း ရရှိသည်။
ယင်း ကိုမျိုးသူထွဋ်အား ဒီဇင်ဘာလ နံနက်ပိုင်းက ပြည်မြို့နေအိမ်တွင် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ပြီး မြို့နယ်တရားရုံကို ထုတ်ပေးထားသည့် ဖမ်းဝရမ်းလေးခုဖြင့် အမှတ် (၁) ရဲစခန်းတွင် ထားရှိပြီး နေ့လယ်တွင် တရားရုံးသို့ ပို့ဆောင်ခဲ့ပြီး ယခင်ပီအာရ်စနစ် အလိုမရှိ ဆန္ဒထုတ်ဖော်မှုဖြင့် ငါးဦးအား ထောင်ဒဏ်လေးလ ချမှတ်ရာတွင် လာရောက်ခဲ့ခြင်း မရှိ၍ ယင်းအမှုဖြင့်ပင် ထောင်ဒဏ် လေးလ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီမနက်ကရုံးမှာ ရှင်းလင်းစရာရှိတာတွေကို ရှင်းလင်းပြီးတော့ ရေချိုးနေတုန်းမှာ ရဲရှစ်ယောက်နဲ့ သိုင်းဝိုင်းပြီး ဖမ်းတယ်။ ရုန်းရင်းဆန်ခတ်တော့ မဖြစ်ပါဘူး ကျွန်တော်ကလည်း လိုက်မှာပါလို့ ကျွန်တော်အလုပ်ကလေးတွေ မပြတ်သေးလို့ပါလို့ ပြောပြီး လိုက်ခဲ့လိုက်တယ် အခုချိန်ထိတော့ ပီအာရ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို အမိန့်မချရသေးဘူး အခုစခန်းမှာတော့ အခြားပုဒ်မ ၁၈ တွေပါ တွဲတင်ချင်လို့ပါလို့ဆိုပြီး ခဏစောင့်ခိုင်းထား တယ် ပြီးရင်တော့ တရားရုံးကို သွားရမယ် အခြား ပုဒ်မ ၁၈ တွေကို ရဲအာမခံ ယူထားတာ တွေလည်း ရှိသေးတယ်”ဟု အမှတ်(၁) ရဲစခန်းတွင် ရှိနေစဉ်တွင် ကိုမျိုးသူထွဋ်က ပြောကြားသည်။
ယင်း ပီအာရ် အမိန့်ချမှတ်ခဲ့မှုအပြင်၊ (၁၀.၉.၂၀၁၅) ကျောင်းသားများ ဖမ်းဆီးခံရခြင်း ခြောက်လပြည့် တစ်ကိုယ်တော် ပြုလုပ်မှုဖြင့် ပုဒ်မ ၁၈ အမှတ် (၁) ရဲအုပ်မျိုးသိမ်းက တရားလို ပြုလုပ်ခဲ့ကာ တွဲဖက်(၁) မြို့နယ် တရားရုံးတွင် ဆက်လက် ရုံးထုတ်စစ်ဆေးခဲ့သည်။
“ပီအာရ်ကိစ္စကတော့ ဒါမဖျက်သိမ်းခံကတည်းက ဆန္ဒထုတ်ဖော်တယ် ကျွန်တော်တို့ ကျူးလွန်တယ်လို့ မယူဆဘူး ပီအာရ်ကတော့ ပျက်ပြယ်သွားပြီပေါ့ ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ခဲ့သူတွေကတော့ ထောင်ထဲရောက်သွားပြီပေါ့”ဟုကိုမျိုးသူထွဋ်က အမိန့်ချမှတ်ခဲ့မှုအပေါ် ပြောဆိုသည်။
ဖမ်းဆီးခဲ့မှုများနှင့် ပတ်သက်၍ အမှတ် (၁) စခန်းမှူးဦးမျိုးဝင်းက “တရားရုံးကနေ ဖမ်းဆီးရန် ဝရမ်းတွေ ထုတ်ပေးထားတဲ့အခါ ကျွန်တော်တို့ ဖမ်းရတယ် အဲဒီလိုဖမ်းဆီးတဲ့အခါမှာ တရားခံကို အာမခံ ပြန်ပေးလို့ရတယ် ဆိုရင်ပေးမယ် တရားခံ အစိတ်အပိုင်းမှာလည်း ပေးရန်မရှိဘူးဆိုရင် အချုပ်နဲ့ နေရမယ် အခု လောလောဆယ်မှာတော့ သူ့ကိုဖမ်းဖို့ ဝရမ်းလေးစောင်အရ ဖမ်းပြီးတော့ တရားရုံးကို ပို့လိုက်တယ်။ ဖမ်းဝရမ်းလေးစောင်မှာ သ့ူကိုစွဲဆိုထားတဲ့ အမှုတစ်ခုချင်းဆီကို သူ့ကို ဆင့်ဆိုတဲ့အခါမှာ သူမသွားဘူး မသွားတဲ့အခါမှာသူ့ကို ဝရမ်းတွေ ထုတ်ရတယ် ဝရမ်းကိုလည်း သက်ဆိုင်ရာ စခန်းကိုပို့ပြီး စခန်းမှူးကပဲ ဖမ်းပြီး အချုပ်နဲ့ တရားရုံးကို ပို့ရတယ်”ဟု ပြောကြားသည်။
ပီအာရ်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ပြည်မြို့တွင် ၂၀၁၄ ခုနှစ်၊ သြဂုတ် ၄ ရက်က ပြုလုပ်ခဲ့ရာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် မြို့မရဲစခန်းမှူး ဦးမျိုးမြင့်က တရားလိုပြုလုပ်၍ ဦးကျော်ဆန်း၊ ဦးကျော်ဆွေ၊ ဦးဝဏ္ဏ၊ ဦးမောင်မောင်တိုး၊ ကိုမျိုးသူထွဋ်တို့ကို အမှုဖွင့် တိုင်တန်း တရားစွဲဆိုခဲ့ကြကာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်က ယင်းတို့အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးလစီ ချမှတ်ခဲ့ရာတွင် ကိုမျိုးသူထွဋ်မှာ ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။
ဝရမ်းလေးခုဖြင့် ဖမ်းဆီး ခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူ ကိုမျိုးသူထွဋ်အား ပီအာရ်စနစ် အလိုမရှိ ဆန္ဒထုတ်ဖော်မှုဖြင့် ပြည်မြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် လေးလ ချမှတ်















