ရုံပြိုင်ပြသမှု အစီအစဉ်၏ ပထမဆုံး ဇာတ်ကားအဖြစ် B ရုပ်ရှင်ရုံ အုပ်စုများ၌ ဒါရိုက်တာဝိုင်း ရိုက်ကူးသော “ချစ်လှစွာသော အမုန်း” ရုပ်ရှင်ဇာတ်ကား ပြသမည်

ရုံပြိုင်ပြသမှု အစီအစဉ်၏ ပထမဆုံး ဇာတ်ကားအဖြစ် B ရုပ်ရှင်ရုံ အုပ်စုများ၌ ဒါရိုက်တာဝိုင်း ရိုက်ကူးသော “ချစ်လှစွာသော အမုန်း” ရုပ်ရှင်ဇာတ်ကား ပြသမည်
Published 7 December 2015
လင်းလင်းခိုင်

ရုံပြိုင်ပြသမှု အစီအစဉ်၏ ပထမဆုံး ဇာတ်ကားအဖြစ် B ရုပ်ရှင်ရုံ အုပ်စုများ၌ ဒါရိုက်တာ အကယ်ဒမီဝိုင်း ရိုက်ကူးသော “ချစ်လှစွာသော အမုန်း” ရုပ်ရှင်ဇာတ်ကားကို ရုံတင် ပြသမည် ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ရုံပြိုင်စနစ်ကို စတင်ကျင့်သုံးမည် ဖြစ်ပြီး A ရုပ်ရှင်ရုံအုပ်စု နှင့် B ရုပ်ရှင်ရုံ အုပ်စုများ၌ မြန်မာ ရုပ်ရှင်ဇာတ်ကားသစ် နှစ်ကားအား ထိပ်တိုက် ပြသရန် စီစဉ်ထားခြင်း ဖြစ်သည်။
“ချစ်လှစွာသော အမုန်း” ရုပ်ရှင်ဇာတ်ကား ပြသမည့် B ရုပ်ရှင်ရုံ အုပ်စုတွင် ပါဝင်မည့် ရုပ်ရှင်ရုံများမှာ ရန်ကုန်မြို့၌ ရှေ့ဆောင်၊ သွင်၊ စံပြ၊Junction Mawtin၊ Junction Square ၊ နဝဒေး၊ ရွှေဗဟို၊ မြရတနာ၊ ဝဇီရာ (၂) လှိုင်သာယာ ရုပ်ရှင်ရုံများ၌ ပြသမည် ဖြစ်ပြီး မန္တလေးမြို့၌ မြို့မ၊ မြို့ဂုဏ်ရေ JCGV၊ မန္တလေးရုံ တို့၌ ပြသမည် ဖြစ်သည်။ ထို့ပြင် ဘားအံ၊ ပြင်ဦးလွင်၊ လားရှိုး၊ တောင် ကြီး၊ ပုသိမ်၊ ထားဝယ်မြို့ များ၌ပါ တစ်ပြိုင် တည်း ပြသမည် ဖြစ်ကြောင်း သိရသည်။
“၂၀၁၆ ဇန်နဝါရီ ၁ ရက်မှာ ကျွန်တော် ရိုက်ကူးထားတဲ့ ချစ်လှစွာသော အမုန်းဇာတ်ကားကို B ရုံအုပ်စု မှာ ရုံတင်ပါမယ်။A  ရုံ အုပ်စုနဲ့ B ရုံအုပ်စု တို့ရဲ့ ထိပ်တိုက် ရုံတင်မှုမှာ ပထမဆုံး ဇာတ်ကားအဖြစ် B ရုံအုပ်စုမှာ ပြသသွား မှာပါ။ ဒီဇာတ်ကားက ပါဝင်ထားတဲ့ သရုပ်ဆောင်တွေ အားလုံး အရမ်း ကြိုးစားထားသလို ကျွန်တော် ကိုယ်တိုင်လည်း ကျေနပ်တဲ့ ဇာတ်ကားတစ်ကားပါ။ ဒါကြောင့် ထိပ်တိုက ်ရုံတင်ပြသမှုမှာ ပထမဆုံး ပြသဖို့ ဆုံးဖြတ် ဖြစ်တာပါ”ဟု ဒါရိုက်တာ အကယ်ဒမီ ဝိုင်းက ရှင်းပြသည်။
“ချစ်လှစွာသော အမုန်း”ရုပ်ရှင် ဇာတ်ကားတွင် သရုပ်ဆောင ်အောင်ရဲလင်း၊ သက်မွန်မြင့် နှင့် ဝတ်မှုန်ရွှေရည် တို့အဓိက ပါဝင်ထားသည်။                       

Most Read

Most Recent