မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မရှိသည့် ပိုလန်နိုင်ငံက ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍများတွင် လာရောက်မြှုပ်နှံမည်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မရှိသည့် ပိုလန်နိုင်ငံက ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍများတွင် လာရောက်မြှုပ်နှံမည်
Published 2 December 2015
သက်ထား၊ အေးမြတ်မွန်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မရှိသည့် ပိုလန်နိုင်ငံက ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍများတွင် လာရောက်မြှုပ်နှံမည် ဖြစ်ကြောင်းသိရသည်။ပိုလန်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် (၆၀) ပြည့်အထိမ်းအမှတ်ကို ၂၀၁၅  ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။“ ပိုလန်နိုင်ငံအနေနဲ့က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု မရှိသေးပါဘူး။ ပိုလန်- မြန်မာ ဆက်ဆံရေးက ၁၉၉၅ ခုနှစ်မှာ သံတမန် ဆက်ဆံရေး စတင်ခဲ့ပြီး ပြောင်းလဲမှုတွေရှိခဲ့တာကြောင့် ထင်သလောက် မတိုးတက်ခဲ့ဘဲ ၂၀၁၁ ခုနှစ်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့တာကြောင့် ကုန်သွယ်မှုတွေ တိုးမြှင့်ခဲ့ပါတယ်” ဟုနိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန်ဦးအောင်လင်းက ပြောကြားသည်။ပိုလန်သံရုံး (ဘန်ကောက်)မှ ကြီးမှူး၍ ပိုလန်-မြန်မာ သံတမန်ဆက်ဆံရေးနှစ် (၆၀) ပြည့်အထိမ်းအမှတ်အဖြစ်“ Econo-mic,Transformation, Development and Cooperation :The past, The present and The Future Myanmar and Poland ” Seminar ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ပိုလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်အနေဖြင့် လာရောက် ပြုလုပ်ထားခြင်း မရှိသေးဘဲ နှစ်နိုင်ငံ ကုန်သွယ်မှုအဆင့်သာ ရှိကြောင်း သိရသည်။ယခုပြုလုပ်သည့် သံတမန်နှစ် (၆၀)ပြည့်  အခမ်းအနားမှတစ်ဆင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားရန်ရှိကာ ဆွေးနွေးပွဲကိုလည်း ဒီဇင်ဘာ ၃ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။   အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ပြောင်းလဲမှု အခြေအနေများ၊ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ပိုလန်နိုင်ငံ၏ အတွေ့အကြုံများ၊ ပိုလန်နိုင်ငံ၏ စီးပွားရေး ပြောင်းလဲဖွံ့ဖြိုးတိုးတက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ နည်းစနစ် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ဥရောပအလယ်ပိုင်းဒေသရှိ စီးပွားရေး ပြောင်းလဲမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ထို့ပြင် နိုင်ငံခြား စီးပွားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ပိုလန်-မြန်မာ နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အချက်အလက်များကို ဆွေးနွေးခဲ့သည်။“ ပိုလန်နိုင်ငံရဲ့ အဓိက ထင်ရှားတာက စိုက်ပျိုးရေးနဲ့ စက်မှုပိုင်းဆိုင်ရာတွေ တိုးတက်တယ်။ ရင်းနှီးမြှုပ်နှံမှု တိုးတက်ဖို့က bilateral relations တွေ ဘယ်လို တိုးတက်ပြောင်းလဲ သွားမယ်ဆိုတဲ့ အတွေ့အကြုံတွေကို ပူးပေါင်း ဆောင်ရွက်သွားမယ်” ဟုအမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောကြားသည်။၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၃၆ နိုင်ငံက ဝင်ရောက်မြှုပ်နှံထားသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၄၇ဘီလျံ ကျော်ရှိပြီး တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။    

Most Read

Most Recent