ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ မိုးသက်မုန်တိုင်းကြောင့် ဆီးနှင်းများ ကျဆင်းနေသည်မှာ နိုဝင်ဘာ ၂ ရက်အထိ ဆက်လက်ကျဆင်းနေကြောင်း သိရသည်။တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ အဓိက အထင်ကရမြို့တော်တစ်ခုဖြစ်ပြီး၊ တောင်ကြီးတွင် ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက်ရှိကာ လူဦးရေပေါင်း ၃၈၀,၆၆၅ ဦး နေထိုင်ကြောင်း သိရသည်။တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေပေါင်း ၄,၇၁၂ ပေ မြင့်ပြီး၊ တောင်ပေါ်မြို့များတွင် အမြင့်ဆုံးနှင့် လူနေထိုင်မှု အများဆုံးအဖြစ် ထူးဆန်းအံ့သြဖွယ် မြို့တော်များတွင်လည်း ပါဝင်ထားကာ၊ အသန့်ရှင်းဆုံးဆုများကိုလည်း ရရှိထားဖူးသည်။ နိုဝင်ဘာ ၂ ရက် Google Weather ၏ တိုင်းတာချက်များအရ နေ့လယ်ခင်းတွင်ပင် အပူချိန် ၆၂ HF (17 HC) ဖြစ်ပြီး NW 2mph (3km/h) ရှိကြောင်း သိရသည်။အောက်တိုဘာ ၃၀ ရက်မှ စတင်ကာ မိုးများစတင်ရွာသွန်းလာပြီး ဆောင်းဝင်သည့် လက္ခဏာများ ပြလာကြောင်း ၊ ညဘက်များတွင် အေးလွန်းကြောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့်က တောင်ကြီးတွင် ရေခဲဖူးသော အခြေအနေထိ အေးဖူးကြောင်း ဒေသခံ ဒေါ်စံဖူးက ပြောကြားသည်။
တောင်ကြီးမြို့တွင် လေးရက်ဆက် မိုးရွာကာ မြူနှင်းများ ကျဆင်းနေသဖြင့် နေ့ခင်းဘက်မှာပင် ယာဉ်များ မီးဖွင့်မောင်းနှင်နေကြရ















