ရန်ကုန်မြို့ပေါ်ရှိ လှုပ်ရှားမှုပုံရိပ်စုံကို ပုံဖော်ရိုက်ကူးထားသည့် The Street of Yangon ဓာတ်ပုံပြပွဲ ပြုလုပ်

ရန်ကုန်မြို့ပေါ်ရှိ လှုပ်ရှားမှုပုံရိပ်စုံကို ပုံဖော်ရိုက်ကူးထားသည့် The Street of Yangon ဓာတ်ပုံပြပွဲ ပြုလုပ်
Published 17 October 2015
ပြည့်စုံနေဝင်း

ရန်ကုန်မြို့ပေါ်ရှိ လှုပ်ရှားမှု ပုံရိပ်စုံကို ပုံဖော် ရိုက်ကူးထားသည့် The Street of Yangon ဓာတ်ပုံပြပွဲကို အောက်တိုဘာ ၁၆ ရက်မှ၂၀ ရက်အထိ ပြည်သူ့ ရင်ပြင်တွင်းရှိ The Yangon Gallery တွင် ပြုလုပ်လျက်ရှိ ကြောင်း သတင်းရရှိသည်။
The Street of Yangon ဓာတ်ပုံပြပွဲ သည် The Yangon Gallery မှ ပြုလုပ်လျက် ရှိသည့် မုတ်သုံရာသီပွဲတော်၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပြုလုပ်သည့် ပြပွဲတစ်ခုဖြစ်ကာ MM Street ဓာတ်ပုံအဖွဲ့မှ ရိုက်ကူးထားသည့် ဓာတ်ပုံပေါင်း ၅၀ ကို ပြသထားကြောင်း သိရသည်။ ပြပွဲတွင် ရန်ကုန်မြို့တွင်းရှိ လူသားတို့ သွားလာ နေထိုင်မှုများ၊ လှုပ်ရှားမှုများ၊ လက်ရှိ လူနေမှုဘဝကို ထင်ဟပ်စေမည့် အကြောင်း အရာများကို အဓိကထား တင်ပြထားသည့် ဓာတ်ပုံများကို ပြသထားကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်မြို့ရှိ ပုံရိပ်များသာမက မြန်မာနိုင်ငံ ဒေသအချို့ရှိ နာမည်ကြီး ထင်ရှားသည့် နေရာများ၏ ဓာတ်ပုံအချို့လည်း ပါဝင် ကြောင်း သိရသည်။
“ကျွန်တော်တို့ MM Street ဓာတ်ပုံအဖွဲ့က ဂျပန်နိုင်ငံမှာ တစ်ခါ၊ ဒီမြန်မာနိုင်ငံမှာ တစ်ခါ ဓာတ်ပုံပြပွဲ လုပ်ခဲ့ဖူးပါတယ်။ အခုမြန်မာနိုင်ငံမှာ ဓာတ်ပုံပြပွဲလုပ်တာ ဒုတိယအကြိမ်ပါ။ ဒီဓာတ်ပုံပြပွဲမှာ ဘာကင်မရာ အမျိုးအစား၊ ဘယ်လိုဆိုတာထက် The Street of Yangon ဆိုတဲ့ ခေါင်းစဉ်နဲ့ ထင်ဟပ်နိုင်အောင် ရိုက်ကူး ပုံဖော်ထားတဲ့ အနုပညာနဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံတွေကို ပြသထားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပြထားတဲ့ ဓာတ်ပုံတွေကို ရောင်းချမှာ မဟုတ်ဘဲ ပြပွဲသက်သက်သာ ပြသတာ ဖြစ်ပါတယ်”ဟု M M Street ဓာတ်ပုံအဖွဲ့မှ ကိုသီဟစိုးက ပြောပြသည်။

Most Read

Most Recent