Face Of Beauty International 2015 ရွေးချယ်ပွဲတွင် Best In Talent ဆုကို အလှမယ် ခြူးစစ်ဟန် ဆွတ်ခူးရရှိ

Face Of Beauty International 2015 ရွေးချယ်ပွဲတွင် Best In Talent ဆုကို အလှမယ် ခြူးစစ်ဟန် ဆွတ်ခူးရရှိ
Published 15 October 2015
သဲသီရိကျော်

Face Of Beauty International 2015 ပြိုင်ပွဲ၏ Talent ပြိုင်ပွဲတွင် Best In Talent ဆုကို မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ခြူးစစ်ဟန်က ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ Talent ပြိုင်ပွဲကို အောက်တိုဘာ ၁၃ ရက်တွင် ထိုင်ဝမ်၌ ကျင်းပခဲ့ပြီး နိုင်ငံတကာမှ ပြိုင်ပွဲဝင် အလှမယ် အယောက် ၆၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်း Talent ပြိုင်ပွဲတွင် မြန်မာအလှမယ် ခြူးစစ်ဟန်မှာ မြန်မာ့ရိုးရာ တစ်ပင်တိုင် အကဖြင့် ကပြယှဉ်ပြိုင်ခြင်းနှင့် အင်္ဂလိပ်တေးသီချင်း သီဆိုယှဉ်ပြိုင်ခဲ့ပြီး Best In Talent ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။“Face Of Beauty International နောက်ဆုံးအဆင့် ပြိုင်ပွဲက ၁၆ ရက် ညပိုင်းမှာ ကျင်းပမှာပါ။ Face Of Beauty ပြိုင်ပွဲရဲ့ Title ဆုတွေထဲက တစ်ဆုဖြစ်တဲ့ Best In Talent ဆုကို မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ မြန်မာအလှမယ် ခြူးစစ်ဟန်က ရရှိခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်” ဟု Miss Golden Land Myanmar Organization မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။Face Of Beauty International 2015 ရွေးချယ်ပွဲကို အောက်တိုဘာ ၄ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိသည်။                      

Most Read

Most Recent