ကလေးဖြစ်ရပ် စီမံခန့်ခွဲမှုယူနစ် (Case Management Unit) တွင် လာရောက် တိုင်ကြားသည့် ကလေးသူငယ် အကြမ်းဖက် ခံရမှုများအနက် ထားဝယ်မြို့နှင့် ဒလမြို့မှ အများဆုံး ဖြစ်နေကြောင်း ယင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။
အဆိုပါ ကလေးဖြစ်ရပ် စီမံခန့်ခွဲမှု ယူနစ်ကို ၂၀၁၄ ခုနှစ်မှ စတင်ကာ နိုင်ငံတကာ လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် Save the Children ၊ လူမှုဝန်ထမ်း ဦးစီးဌာန အပါအဝင် အခြားသော မိတ်ဖက် လူမှုအဖွဲ့အစည်းများ ဖြစ်သည့် ရတနာ့မေတ္တာ၊ DMSS နှင့် YKBWA ၊ Unicef နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းစသည့် လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ဖြစ်ရပ် စီမံခန့်ခွဲမှု (Case Management Unit) ကို အကောင်အထည် ဖော်ခဲ့ ပြီး ကလေးသူငယ်များ၏ အကြမ်းဖက် ခံရမှု အမျိုးမျိုးကို တိုက်ရိုက် ဆက်သွယ် တိုင်ကြားနိုင်ရန်နှင့် ကူညီမှုများ ပြုလုပ်ပေးနိုင်ရန် ရည်ရွယ် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် (Case Management Unit) ကို ပဲခူး၊ ဗန်းမော်၊ ဒလ၊ ထားဝယ်၊ ဘားအံ၊ ကျိုင်းတုံ၊ ကျောက်ဖြူ၊ လားရှိုး၊ လွိုင်ကော်၊ မကွေး၊ မဟာအောင်မြေ (မန္တလေး)၊ မော်လမြိုင်၊ ချင်းပြည်နယ် မင်းတပ်၊ မြစ်ကြီးနား၊ ညောင်ဦး၊ ပုသိမ်၊ ပြည်၊ စစ်ကိုင်းနှင့် တောင်ကြီးတို့တွင် ဆောင်ရွက် ပေးလျက်ရှိပြီး ယင်းကဲ့သို့ ဆောင်ရွက်ပေးခဲ့သည့် ကာလအတွင်း ကလေးသူငယ် အကြမ်းဖက်ခံရမှု အများဆုံး မြို့နယ်မှာ ထားဝယ်မြို့နယ်နှင့် ဒလမြို့နယ် တို့ဖြစ်ကြောင်းနှင့် ယင်းမြို့နယ်များတွင် အထူးသဖြင့် ကျောင်းတွင် အပြင်းအထန် ရိုက်နှက်ခံရမှု၊ ဥပဒေကြောင်းအရ ရင်ဆိုင်နေရသည့် ကိစ္စ ရပ်များမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။
“ကလေးသူငယ် အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ အကြမ်းဖက် ခံရတာတွေနဲ့ ပတ်သက်ပြီး စလုပ်ခဲ့တဲ့ အချိန်ကနေ လက်ရှိ တစ်နှစ် အတွင်းမှာဆိုရင် အကြမ်းဖက် ခံရတာများ နေတာကမြို့နယ်အလိုက် ကြည့်ရင် ထားဝယ်က အများဆုံး ဖြစ်နေပါတယ်။ ထားဝယ်မှာ ဖြစ်နေတဲ့ ကလေး အကြမ်းဖက်ခံမှုတွေကို ပြောမယ်ဆိုရင် ကလေးငယ်တွေ အပြင်းအထန် ရိုက်နှက်ခံရမှုနဲ့ ကလေးတွေမှာ ဥပဒေကြောင်းအရ ရင်ဆိုင်နေရတဲ့ ဖြစ်ရပ်က များနေတယ်။ အပြင်းအထန် ရိုက်ခံရတယ် ဆိုတာက ကျောင်းမှာ ဆရာမ အပြင်းအထန် ရိုက်နှက် တာမျိုးတွေပါတယ်။ ကလေးသူငယ် ဥပဒေမှာဆိုရင်လည်း ကလေးတွေကို ဂုဏ်သိက္ခာ ထိခိုက်အောင် မဆုံးမရဘူးဆိုတာ ပါတယ်။ ပြီးရင် ၂၀၀၅ ခုနှစ်ကတည်းက ဝန်ကြီးဌာနအနေနဲ့ ကျောင်းတွေမှာ ကလေး တွေကို ရိုက်နှက်ခြင်း မပြုရဆိုပြီး အမိန့်ထုတ် ထားပြီးသားပါ။ တချို့ ကလေးတွေဆိုရင် အရမ်း အရိုက်ခံ ရလွန်းတော့ ရုပ်ပိုင်းဆိုင်ရာလည်း မဖွံ့ဖြိုး တော့သလို စိတ်ပိုင်းဆိုင်ရာလည်း မဖွံ့ဖြိုး တော့တာတွေ ဖြစ်တယ်။ ကလေးတွေကို မရိုက်ဖို့ ပြောတဲ့အခါမှာ တချို့မိဘတွေက ကိုယ့်ကလေးကို ကိုယ်ဆုံးမတာ ဘာလို့ ဝင်ပါလဲဆိုတာ ဖြစ်လာတယ်။ အဲဒီတော့ ပညာရပ်ဆိုင်ရာ ဥပဒေဆိုင်ရာတွေ ပါလာရတယ်” ဟု Save the Children ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဌာနမှ အကြီးအကဲ ဒေါက်တာသန္တာကျော်က ဆိုသည်။
လက်ရှိတွင် ယင်းလုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သတ်မှတ်ထားသည့် တိုင်းနှင့်ပြည်နယ် ဒေသအလိုက် မြို့နယ် ၂၇ မြို့နယ်အနက် ၁၉ မြို့နယ်တွင် ဆောင်ရွက် နေကြောင်းနှင့် ယင်းမြို့နယ်များတွင် ၂၀၁၄ သြဂုတ်မှ လက်ရှိအချိန်ထိ တစ်နှစ်ကျော်အတွင်း ကလေးသူငယ်များ၏ အကြမ်းဖက်ခံရသည့် ဖြစ်ရပ်ပေါင်း ၄၀၀ ကျော်ခန့် ဖြေရှင်း ဆောင်ရွက် ပေးခဲ့ရပြီး ယင်းတို့တွင် အိမ်တွင်း၊ ကျောင်းတွင်း အကြမ်းဖက်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရသည့် ဖြစ်ရပ်များမှာ အများဆုံး ဖြစ်နေကြောင်းသိရသည်။
ကလေးဖြစ်ရပ် စီမံခန့်ခွဲသည့် ယူနစ်တွင် လာရောက်တိုင်ကြားသည့် ကလေးသူငယ် အကြမ်းဖက်ခံရမှု ဖြစ်စဉ် အများဆုံးမြို့နယ်များမှာ ထားဝယ်နှင့် ဒလမှ ဖြစ်နေဟု ဆို















