ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းအောက်တွင် ပါရှိသည့် ရန်ကုန်မြို့ပြသယ်ယူပို့ဆောင် ရေးရေရှည်စီမံကိန်း YUTRA Plan အတွက် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၂၄ ဘီလျံခန့်ရှိမည်ဟု တွက် ချက်ထားပြီး အစိုးရဘတ်ဂျက်တစ်ခုတည်းဖြင့် မတတ်နိုင်၍ BOT အများပိုင်၊ ပုဂ္ဂလိက စသည့်စနစ်များ ဖြင့်ပါ လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ရန်ကုန်မြို့၏ ရေရှည်ဖွံ့ဖြိုးစေရန် စီမံကိန်းများရေးဆွဲရာတွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စီမံကိန်းကို YUTRA Plan ကို Mid Term အနေဖြင့် လုပ်ဆောင်ရန် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ JICA က ကူညီရေးဆွဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်း အကောင် အထည်ဖော်ရာတွင် JICA က အချို့ စီမံကိန်းများအတွက် အကူအညီပေးခဲ့ပြီး ကျန်ရှိသည့်စီမံကိန်းများကို ရေရှည်အနေဖြင့် အစိုးရဘတ်ဂျက် တစ်ခုတည်းဖြင့် နှစ်အလိုက် အ ကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း သိရသည်။
သို့သော် ဘဏ္ဍာငွေအခြေအနေအရ ချက်ချင်းလုပ်ဆောင်နိုင်ရန်အတွက် အခက်အခဲရှိခြင်းကြောင့် နှစ်အလိုက် လုပ်ဆောင်မည် ဖြစ်ပြီး BOT ၊အများပိုင်နှင့် ပုဂ္ဂလိက စနစ်များဖြင့်ပါ အကောင်အ ထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ဆီမှာ YUTRA Plan ကြီးရှိနေတယ်။ အဲဒါကိုအကောင်အထည်ဖော်ဖို့အတွက် ကျတော့ ဘဏ္ဍငွေအခြေအနေ၊ ပြည်သူလူထု အခြေအနေနဲ့ဆိုတော့ ချက်ချင်းကြီးစပြီးမလုပ်နိုင်သေးဘူး။ YUTRA Planက သူတို့ တွက်ထားတာ အမေရိကန်ဒေါ်လာ ၂၄ ဘီလျံ လောက်ကုန်ကျမယ်။ အဲဒီ စီမံကိန်းထဲက အချို့ဟာတွေက အကောင်အထည် ဖော်နေပြီ။ အစီအစဉ်အတိုင်းတော့ ဟုတ်ချင်မှဟုတ်မှာပေါ့။ ဥပမာ-အတွင်းမြို့ပတ်လမ်းဆိုရင် Mid Term အနေနဲ့ ၂၀၂၅ မတိုင်မီ လုပ်ရမှာ။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ အတွင်းမြို့ပတ်လမ်းအနေနဲ့ လုပ်နေတာရှိတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် ပါဝင်သော သာကေတ-မင်္ဂလာတောင်ညွန့်တံတား စီမံကိန်းကို JICA က လုပ်ဆောင်နေပြီး ရှစ်မိုင်လမ်းဆုံတွင် မီးပွိုင့်စနစ်ပြင်ဆင်ရန် JICA က လုပ် ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေး ရေရှည်စီမံကိန်းမှာ ဒေါ်လာ ၂၄ ဘီလျံခန့် ကုန်ကျမည်ဖြစ်ပြီး အများပိုင်စနစ်ဖြင့်ပါ လုပ်ဆောင်မည်















