မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ လူမျိုးရေး၊ ဘာသာရေးကွဲပြားမှုများကို အမြတ်ထုတ်အသုံးချရန် လက္ခဏာများ တွေ့ရှိလာရကြောင်း ဘန်ကီမွန်း ပြောကြား

မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ လူမျိုးရေး၊ ဘာသာရေးကွဲပြားမှုများကို အမြတ်ထုတ်အသုံးချရန် လက္ခဏာများ တွေ့ရှိလာရကြောင်း ဘန်ကီမွန်း ပြောကြား
Published 26 April 2015

မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုများကို အမြတ်ထုတ်အသုံးချရန် လက္ခဏာများ တွေ့ရှိလာရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဧပြီ ၂၄ ရက်တွင် ပြောကြားသည်။
 
ထို့ပြင် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအတွက် နိုင်ငံသားဖြစ်ခွင့်အရေး ဖြေရှင်းမှုမပြုလုပ်နိုင်ပါက တည်ငြိမ်အေးချမ်းမှု ရရှိမည်မဟုတ်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆိုသည်။
 
မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ဘန်ကီမွန်းက ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ လူမျိုးရေး၊ ဘာသာရေးကွဲပြားမှုများကို အမြတ်ထုတ်အသုံးချရန် လက္ခဏာများ တွေ့ရှိလာရကြောင်း၊ နှစ်ဖက်ကြားရှိ တင်းမာမှုများသည်လည်း တည်ငြိမ်အေးချမ်းမှုကို ပြင်းပြင်းထန်ထန် ထိခိုက်လာနိုင်ကြောင်းနှင့် White Card ကိုင်ဆောင်သူများကို နိုင်ငံသားဖြစ်ခွင့် အလျင်အမြန်လုပ်ဆောင်ပေးရန် ပျက်ကွက်ခြင်းသည် စနစ်တကျ  ခွဲခြားဆက်ဆံမှုကို ရည်ညွှန်းနေကြောင်း ဘန်ကီမွန်းက ပြောကြားသည်။
 
လာမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည့် သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်သည့်အတွက် ရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်းပါဝင်ရန် အရေးပါကြောင်း အလေးအနက်ထား ပြောကြားခဲ့ပြီး နိုင်ငံသားစိစစ်မှုအရေးကို ရွေးကောက်ပွဲမတိုင်မီ အရေးတကြီးလုပ်ဆောင်သွားရန် ၎င်းကတိုက်တွန်းသည်။
 
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတပြီး အများယုံကြည်သည့် ရွေးကောက်ပွဲဖြစ်ရန်အတွက် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖေဖော်ဝါရီ ၁၀ ရက်က ပြောကြားသည်။
 
မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းလုပ်ငန်း ပထမအဆင့်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာမှ ဒီဇင်ဘာအထိလည်းကောင်း၊ ဒုတိယအဆင့်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီအထိ လည်းကောင်း၊ တတိယအဆင့်ကို ဇန်နဝါရီမှ မတ်အထိ လည်းကောင်း၊ စတုတ္ထအဆင့်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီမှ ဧပြီအထိ လည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကွန်ပျူတာစနစ်ဖြင့် စာရင်းသွင်းခြင်းကို ၂၀၁၅ ခုနှစ် ဇူလိုင်တွင် အပြီးဆောင်ရွက်ရန် လျာထားကြောင်း ၎င်းက ပြောကြားသည်။
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရန် မဟာဗျူဟာစီမံကိန်းကို ရည်မှန်းချက် ၁၂ ရပ် ထားရှိထားကြောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ငါးနှစ်စီမံကိန်းဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent