နည်းပြရဲ့ ယုံကြည်မှုပြန်ရအောင် ဆန်ချို မကြိုစားချင်တော့တာ၊ မကစားရလည်း ဖြစ်တယ်၊ လစာထိုင်ယူမယ်ဆိုတဲ့ သဘောထားမျိုး မြင်နေရတာ၊ စီနီယာအသင်းဖော်တချို့က တန်ဟက်ဂ်ကို ပြန်တောင်းပန်လိုက်ပါဆိုပြီး တိုက်တွန်းပေမယ့်မတောင်းပန်ခဲ့တာတွေက ဆန်ချိုရဲ့ ပရော်ဖက်ရှင်နယ်မပီသမှုတွေပါပဲ။ တန်ဟက်ဂ်က ဆာအဲလက်စ်ဖာဂူဆန်လို မူဝါဒနဲ့ အသင်းရဲ့အထက်မှာ ဘယ်ကစားသမားမှမရှိဘူး ဆိုတာကို အသက်သွင်းချင်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ စီရော်နယ်လ်ဒိုနဲ့ အကွဲအပြဲဇာတ်လမ်း၊ လက်ရှိရာသီမှာ ဆန်ချိုနဲ့ အကွဲအပြဲဇာတ်လမ်းပေါ့။ ဆန်ချိုထက်ပိုပြီး ပုံရိပ်ကြီးမား၊ အောင်မြင်မှုတွေ ပိုင်ဆိုင်ဖူးတဲ့ ပေါ့ဘာလို ကစားသမားမျိုးတောင် စည်းကမ်းပိုင်းဆိုင်ရာ လျော့ရဲလွန်း၊ ကိုယ့်ဘက် ကိုယ်ကြည့်တတ်လွန်းလို့ ချဉ်ဖတ်ဖြစ်သွားပါတယ်။ ဆန်ချိုက သင်ခန်းစာမယူနိုင်ခဲ့ပါဘူး။ ဟော်လန်းနဲ့ ဘယ်လင်ဟမ်က အလင်းရောင်ဆီ သွားနေချိန်မှာ အမှောင်ထဲကို ဆန်ချို တိုးဝင်နေသလိုပါပဲ။ ဒေါ့မွန်မှာ အတူတူပျော်ရွှင်ဖူးတဲ့ အသင်းဖော်သုံးဦးထဲ ဆန်ချိုက သိုးမည်းဖြစ်နေပါပြီ။
အသင်းဖော်ဟောင်းတွေရဲ့ ကွဲဲပြားတဲ့လားရာ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။