မူဆယ်-ရွှေလီဝင်ထွက်ဂိတ်မှ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ မြန်မာနှင့် တရုတ်နိုင်ငံသားများ အပြန်အလှန်ဝင်ထွက်ခွင့်ပြုရေး စီစဉ်ဆောင်ရွက်နေမှုနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ လဝကဝန်ကြီးနှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီး ဆွေးနွေး

မူဆယ်-ရွှေလီဝင်ထွက်ဂိတ်မှ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ မြန်မာနှင့် တရုတ်နိုင်ငံသားများ အပြန်အလှန်ဝင်ထွက်ခွင့်ပြုရေး စီစဉ်ဆောင်ရွက်နေမှုနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ လဝကဝန်ကြီးနှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီး ဆွေးနွေး
Published 22 September 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်သောအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Mr.Wang Xiaohong တို့သည် ကျန်းစုပြည်နယ် လဲ့ယွင်းဂန်မြို့ Lianyung New City ဟိုတယ်ဧည့်ခန်းမ၌ စက်တင်ဘာ ၂၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် တရုတ်-မြန်မာနှစ်နိုင်ငံအကြား နှစ်ကာလရှည်ကြာစွာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်ခဲ့မှု၊ နှစ်နိုင်ငံနယ်နိမိတ်အတွင်း လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံပြည်သူများ အပြန်အလှန်ကူးလူးဆက်ဆံသွားလာနိုင်ရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံနယ်စပ်မှ တရားမဝင် ဝင်/ထွက်မှုမရှိစေရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် Online Game လောင်းကစားမှုများမရှိစေရန် ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်-မြန်မာ-ထိုင်း-လာအိုလေးနိုင်ငံပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ငွေကြေးလိမ်လည်မှုများကို ထိရောက်စွာဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် အောင်မြင်မှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးမည့် အခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်-ရွှေလီဝင်ထွက်ဂိတ်မှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ မြန်မာနှင့် တရုတ်နိုင်ငံသားများ အပြန်အလှန်ဝင်ထွက်ခွင့်ပြုရေး စီစဉ်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ၌ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာ ၂၀ ရက်တွင Lianyung New City  ဟိုတယ်တွင်ကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (The 2023 Conference of Global Public Security Cooperation Forum) ဖွင့်ပွဲသို့တက်ရောက်ခဲ့ပြီး ယင်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံပေါင်း ၅၀ ကျော်မှ လုံခြုံရေးဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ  နိုင်ငံတော်ကောင်စီဝင်နှင့်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Mr.Wang Xiaohong က အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာသည့်နိုင်ငံများမှ လုံခြုံရေးဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်များက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent