ထိုင်းလူ၀င်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က စက်တင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံသား ၁၈ ဦးကို ဘန်ကောက်မြို့၏ ပါသွန်၀ပ်အရပ်ရှိ ဈေး၀ယ်စင်ဝာာတစ်ခုတွင်ဖမ်းဆီးခဲ့သည်ဟု Khaosod သတင်းဌာနက ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါ မြန်မာနိုင်ငံသား ၁၈ ဦးသည်ထိုင်းနိုင်ငံကို တရားမ၀င် ၀င်ရောက်လာခြင်း သို့မဟုတ် ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်နေခြင်း အတွက် ဖမ်းဆီးခံရခြင်းဖြစ်ဟု Khaosod သတင်းဌာန၏ ဖော်ပြမှုတွင်ပါရှိသည်။
ထိုသို့ ဝင်ရောက်ဖမ်းဆီးချိန်တွင် မြန်မာနိုင်ငံသား အချို့သည် အချင်းအချင်းအသိပေးကာထိုင်းလူ၀င်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ဖမ်းဆီးခံရမှုမရှိစေရန် တိမ်းရှောင်မှုများ ပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။ယခုဖမ်းဆီးခံရသူများသည် တစ်ဦးကို ငွေဒဏ် အဖြစ် ထိုင်းဘတ်ငွေ ၅၀,၀၀ သို့မဟုတ် ၅၀,၀၀၀ အထိ ချမှတ်ခံရမည့် အရေးနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့၏ အလုပ်ရှင်သည် ဘတ်ငွေ ၁၀၀,၀၀၀ အထိရှိမည့် ငွေဒဏ်ကို ရင်ဆိုင်ရမည် ဖြစ်သည်။
အလားတူ ယခုလဆန်းပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းရှိ နေအိမ်တစ်လုံးအား ထိုင်းအာဏာပိုင်များက ဝင်ရောက်ရှာဖွေပြီး အဆိုပါနေအိမ်တွင်ဌားရမ်းနေထိုင်ကာ တရားမဝင် ဒရုန်းများ ထုတ်လုပ်နေသည့် မြန်မာနိုင်ငံသားအချို့ကို ဒရုန်းများထုတ်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့သည့် ဖြစ်စဥ်တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ထိုင်းနိုင်ငံသား လူမှုကွန်ရက်အသုံးပြုသူအချို့၏ ရေးသားဖော်ပြမှုများအရ သိရသည်။















