၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံက တာဝန်ယူရမည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံက ဖိလစ်ပိုင်နိုင်ငံထံ သဘောထားမေးမြန်း ညှိနှိုင်းပြီးမှ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း နစက ရှင်းလင်း

၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံက တာဝန်ယူရမည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံက ဖိလစ်ပိုင်နိုင်ငံထံ သဘောထားမေးမြန်း ညှိနှိုင်းပြီးမှ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း နစက ရှင်းလင်း
■ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနား - Photo : AFP
■ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနား - Photo : AFP
Published 9 September 2023

၂၀၂၆ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူရန် အဆင်ပြေမှုရှိ မရှိ စာပေးပို့၍ သ ဘော ထားမေးမြန်းပြီးမှသာ မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌ တာဝန်အား ဖိလစ်ပိုင်နိုင်ငံသို့ လွှဲ ပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်းရှင်းလင်းချက် အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သ တင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။    

အဆိုပါရှင်းလင်းချက်အရအာဆီယံပဋိ ညာဉ်စာတမ်း စာပိုဒ်(၃၁)အရ အာဆီယံ ဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင်နိုင်ငံများ၏ အင်္ဂ လိပ်ဘာသာဖြင့် နိုင်ငံအမည် အက္ခရာ စဉ် အလိုက် အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ်အ လှည့် ကျ တာဝန်ယူထမ်းဆောင်ရမည်ဟု ဖော်ပြ ထားပြီး ယင်းမူအရ မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင်  အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန် ကို ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရ သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အလှည့်ကျဥက္ကဋ္ဌ တာဝန်ရယူရန်အတွက် အချိန် နှစ်နှစ်ခန့် ကြိုတင်ပြင်ဆင်မှုများ ပြု လုပ်ခြင်းကြောင့် မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ယူမည့် ကိစ္စနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် ရှေ့ လုပ်ငန်းစဉ်ငါးရပ်နှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော် ကို တည်ဆောက်နေသည့် ကာလဖြစ်သ ဖြင့်၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ယူရန် အဆင်ပြေမှုရှိ မရှိကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးထံသို့ မြန်မာ နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စာပေး ပို့၍ သဘောထားမေးမြန်းခဲ့ကြောင်း၊ အဆိုပါ ကိစ္စကို မြန်မာက ၂၀၂၃ ခုနှစ်၏ အာဆီယံ ဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသို့လည်း အသိပေးထားပြီးဖြစ်ကြောင်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့၏ ရှင်းလင်းချက်တွင်ပါရှိ သည်။

ဖိလစ်ပိုင်နိုင်ငံကလည်း ၂၀၂၆ ခုနှစ် တွင် ၎င်းမှ အာဆီယံဥက္ကဋ္ဌတာဝန်ယူရန် အဆင်ပြေကြောင်းနှင့် လက်ရှိ အာဆီယံ ဥက္ကဋ္ဌနှင့် ကျန်အဖွဲ့ဝင်များကို အသိပေးပြော ကြားမည်ဖြစ်ကြောင်း တရားဝင် အ ကြောင်း ပြန်ကြားမှုပြုခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးထံလိပ်မူ၍ ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို၂၀၂၇ ခုနှစ်အစား ၂၀၂၆ ခုနှစ်တွင် တာဝန်ထမ်းဆောင်မည်ဖြစ် ကြောင်းနှင့် အာဆီယံဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်နိုင် ငံများ၏ ထောက်ခံမှုရရှိမည်ဟု မျှော်လင့် ကြောင်း စာပေးပို့ခဲ့ကြောင်းလည်း နစက၏ ရှင်းလင်းချက်တွင်ပါရှိသည်။

၄၃ ကြိမ်မြောက် အာဆီယံထိပ်သီး အ စည်းအဝေးအပြီး တူညီဆန္ဒငါးချက်အ ကောင်အထည်ဖော်မှုဆိုင်ရာအာဆီယံခေါင်း ဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံး ဖြတ်ချက်ကိုထုတ်ပြန်ခဲ့ပြီး ယင်းထုတ် ပြန် ချက်၏ စာပိုဒ်( ၁၅)တွင် ၂၀၂၆ ခုနှစ် အာ ဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ် ပိုင် နိုင်ငံမှ တာဝန်ယူရန်ဆုံးဖြတ်ခဲ့ပြီး အခြား ဆုံးဖြတ်ချက်တစ်ရပ်မထွက်ပေါ်မီ အချိန် အထိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဇယားကို အက္ခရာစဉ်အတိုင်း ဆက်လက် ဆောင် ရွက် ရန်ဆုံးဖြတ်ခဲ့ဟုဖော်ပြထားကြောင်း၊ အချို့ သော နိုင်ငံတကာမီဒီယာများ၏ ဖော်ပြချက် များ၌လည်း ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်နှင့်ပတ်သက်၍ ဖော်ပြထားချက် များသည် ၎င်းင်းတို့လိုလားသည့် ပုံစံများဖြင့် အဓိပ္ပါယ်လွဲမှားစွာဖော်ပြနေသည်ကိုတွေ့ ရကြောင်း    နစက၏ ရှင်းလင်းချက်တွင် ဖော် ပြပါရှိသည်။

မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌ တာ ဝန်ယူမှုနှင့်ပတ်သက်၍ သမိုင်းကြောင်းပြန် ကြည့်ပါက အာဆီယံပဋိညာဉ်အရ အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ၂၀၀၆ ခုနှစ်တွင် တာဝန်ယူရ မည်ဖြစ်ကြောင်း၊  သို့သော်ထိုစဉ်အချိန်အခါ က မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်ရှေ့ဆက် မည့်လုပ်ငန်းစဉ် ခုနစ်ရပ်နှင့်အညီ ဒီမိုက ရေစီသို့ ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ဆောင် ရွက်လျက်ရှိခြင်းနှင့် အာဆီယံအဖွဲ့၏ ရည် မှန်း ချက်များ အကောင်အထည်ဖော်ရာတွင် အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်စေရန် အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန် ယူမည့်အခွင့်အရေးကို အနစ်နာခံစွန့်လွှ တ် ခဲ့ကြောင်း၊ ထို့နောက် ၂၀၁၆ ခုနှစ်တွင် တာဝန်ယူရမည့် အလှည့်ကိုလည်း မြန်မာနိုင် ငံတွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ရှိသည့်အတွက်အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် မလေးရှား၊ လာအိုနိုင်ငံတို့နှင့် ညှိ နှိုင်းသဘောတူညီချက်အရ ၂၀၁၄ ခုနှစ်တွင် တာဝန်လွှဲပြောင်းယူခဲ့သည့် သာဓကများ လည်းရှိကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံက မိမိနိုင်ငံ၏ ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရှိ၍ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံသို့ သဘောထားမေးမြန်း ညှိ နှိုင်းမှုပြုလုပ်ခဲ့ပြီး အခြားအဖွဲ့ဝင် နိုင်ငံများသို့ ချပြအသိပေးခြင်း၊ သဘောတူညီမှုရှိခြင်း များဖြင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ် ပြန်ထားသည်။

Most Read

Most Recent