ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီး ဌာနနှင့် တရုတ်နိုင်ငံအခြေစိုက China Harbor Engineering ကုမ္ပဏီလီမိတက်တို့ ရှမ်း ပြည်နယ်ရှိ“၀” တစ်လုံး ဥမင်လိုဏ်ခေါင်း စီမံကိန်း ဖြစ်တန် စွမ်းလေ့လာဆန်းစစ်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၈ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ ဆောင်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ယင်းအခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်နှင့် China Harbor Engineering ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာတို့ က “၀”တစ်လုံး ဥမင်လိုဏ်ခေါင်း စီမံကိန်း ဖြစ်တန် စွမ်းလေ့လာဆန်းစစ်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU) လက်မှတ် ရေး ထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြောင်းသိရ သည်။
အဆိုပါ “၀”တစ်လုံး ဥမင်လိုဏ်ခေါင်း စီမံကိန်းသည် ယခင်အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်းက တရုတ်နိုင်ငံ သမ္မတရှီကျင်ပင်း မြန်မာနိုင်ငံ သို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်းနှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့သည့် စီမံကိန်း ၃၃ ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ရှမ်း ပြည်နယ်တောင်ပိုင်းတွင် တည်ရှိကြောင်းသိ ရသည်။
ယခု MoU ရေးထိုးသည့် အခမ်းအနား သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ လမ်းဦးစီးဌာနနှင့် တံတားဦးစီး ဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ တာဝန်ရှိ သူများ၊ China Harbor Engineering ကုမ္ပဏီ လီမိတက်မှ မန်နေဂျင်းဒါရိုက်တာနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရ သည်။















