ဒေါ်လာကိစ္စရပ်များဖြင့် စုံစမ်းစစ်ဆေးခံနေရသည်ဆိုသည့်သတင်း မှန်ကန်မှုမရှိကြောင်း UAB ဘဏ်ထုတ်​ပြန်

ဒေါ်လာကိစ္စရပ်များဖြင့် စုံစမ်းစစ်ဆေးခံနေရသည်ဆိုသည့်သတင်း မှန်ကန်မှုမရှိကြောင်း UAB ဘဏ်ထုတ်​ပြန်
Published 27 August 2023

ဒေါ်လာကိစ္စရပ်များဖြင့် စုံစမ်းစစ်ဆေးခံနေရသည်ဆိုသည့်သတင်း မှန်ကန်မှုမရှိကြောင်း UAB ဘဏ်က သြဂုတ် ၂၇ ရက်တွင်သတင်းထုတ်ပြန်သည်။

UAB ၏သတင်းထုတ်ပြန်ချက်တွင် လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေသည့် ဒေါ်လာကိစ္စရပ်များကြောင့် ၎င်းတို့ဘဏ်အားစစ်ဆေးမှုများရှိနေသည်ဆိုသည့် လုံးဝ(လုံးဝ)မှန်ကန်မှုမရှိသည့် မဟုတ်မမှန်မှားယွင်းသည့် သတင်းများဖြင့် ဘဏ်၏ဂုဏ်သတင်းကို ညှိုးနွမ်းစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် မီဒီယာတွင် ဖြန့်ချိလျှက်ရှိသည်ကို သတိပြုမိကြောင်းနှင့် UAB ဘဏ်ကို မည်သည့်စုံစမ်းစစ်ဆေးမှုများအား လုပ်ဆောင်ခြင်းမရှိပါကြောင်း ဖော်ပြထားသည်။

ထို့အတူUAB ဘဏ်သည် တင်းကျပ်သော Corporate Governance စံနှုန်းများဖြင့် အညီ ပွင့်လင်းမြင့်သာသော အုပ်ချုပ်ရေးပိုင်းစနစ်ဖြင့် စီမံအုပ်ချုပ်ခဲ့ပြီး၊ ချမှတ်ထားသည့် စံနှုန်းများကို ချိုးဖောက်မှုမရှိလိုက်နာကျင့်သုံးလာခဲ့ပြီး လွတ်လပ်သောအုပ်ချုပ်မှုအောက်တွင် ခိုင်ခိုင်မာမာရပ်တည်လျက်ရှိပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းကမ်းများကိုလည်း တိတိကျကျလိုက်နာဆောင်ရွက်လျှက်ရှိသည့် ဘဏ်တစ်ခုဖြစ်ပါကြောင်း၊ ဒေါ်လာအရောင်းအဝယ်ကိစ္စရပ်များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ထားသော online trading system မှတဆင့် သတ်မှတ်ထားသည့် နှုန်းအတိုင်းဆောင်ရွက်လျှက်ရှိကြောင်း UAB ဘဏ်က ထုတ်ပြန်သည်။

အလားတူ ဗိုလ်ချုပ်ကြီးမိုးအောင်သည် UAB ဘဏ်၏ ရှယ်ယာရှင်တစ်ဦးမဟုတ်သလို ပိုင်ရှင်လည်းမဟုတ်ကြောင်း၊ ဘဏ်နှင့်ပတ်သက်မှုမရှိသလို ပါဝင်သက်ဆိုင်မှုတစ်စုံတစ်ရာမရှိကြောင်း၊ ထိုသို့မဟုတ်မမှန်မှားယွင်းသည့် သတင်းများဖြင့် ထုတ်ဖြန့်ဝေမှုကို ဘဏ်ဘက်မှလည်း တရားဥပဒေအတိုင်း အရေးယူ လုပ်ဆောင်သွားမည့်ဖြစ်ကြောင်း UAB ဘဏ်၏ထုတ်ပြန်ချက်အရ သိရသည်။

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၏ ရာထူးတာဝန်အား ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးဖြင့် အစားထိုးခန့်အပ်ပြီး ရာထူး အပြောင်းအလဲပြုလုပ်ခဲ့ကာ ယူနိုက်တက်အမရာဘဏ်(UAB)ကိုလည်း စစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းများသည် မှန်ကန်မှုမရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း သြဂုတ် ၂၇ ရက်တွင် ထုတ်ပြန်သည်။

Most Read

Most Recent