မန်ယူအသင်းတွင် ဆက်နေရန် ဂရင်းဝုဒ် ဆန္ဒရှိ

မန်ယူအသင်းတွင် ဆက်နေရန် ဂရင်းဝုဒ် ဆန္ဒရှိ
Photo : Getty Images
Photo : Getty Images
Published 30 July 2023

မန်ယူအသင်း၏ အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်တွင် အသင်းမှ ထွက်ခွာလိုခြင်းမရှိဘဲ မန်ယူအသင်းတွင်သာ ဆက်နေရန် ဆန္ဒရှိနေကြောင်း သိရသည်။

ဂရင်းဝုဒ် (၂၁ နှစ်)သည် ၂၀၂၂ ဇန်နဝါရီလအတွင်း မုဒိမ်းမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့်အတွက် မန်ယူအသင်းက ၎င်းကို အသင်းနှင့် ပြန်လည်ပူးပေါင်းခွင့်မပြုဘဲ ပိတ်ပင်ထားခဲ့သည်။

အသင်းတွင် ပြန်လည်အသုံးမပြုရန် ဖိအားပေးတောင်းဆိုမှုများလည်းရှိခဲ့သည့်အတွက် ပြန်လည်ရောင်းထုတ်ဖွယ်ရှိကြောင်းလည်း သတင်းထွက်ခဲ့သည်။

သို့သော် အလားအလာရှိသည့်ကစားသမားတစ်ဦးဖြစ်သောကြောင့် မန်ယူပရိသတ်အများစုက အသင်းတွင် ဆက်ရှိစေလိုကြသလို၊ မန်ယူအသင်းကလည်း ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ ပြတ်ပြတ် သားသားဆုံးဖြတ်ခြင်းမရှိသေးကြောင်း သိရသည်။

ယင်းအခြေအနေတွင် တစ်ဦးတည်းလေ့ကျင့်မှု ပြုလုပ်နေသည့် ဂရင်းဝုဒ်က နည်းပြ တန်ဟက်ဂ်၏ ထောက်ခံချက်ကို ရယူကာ အသင်းတွင် ဆက်နေခွင့်ရရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent