နာပိုလီပရိသတ်များကို အမှတ်ရနေမည်ဟု ကင်မင်ဂျေးဆို

နာပိုလီပရိသတ်များကို အမှတ်ရနေမည်ဟု ကင်မင်ဂျေးဆို
Photo : Twitter
Photo : Twitter
Published 27 July 2023

ယခုနွေရာသီတွင် နာပိုလီအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ပြောင်းရွှေ့သွားခဲ့သည့် တောင်ကိုရီးယားနောက်ခံလူ ကင်မင်ဂျေးက မိမိဘဝတစ်လျောက်လုံး နာပိုလီအသင်းပရိသတ်များကို အမှတ်ရသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၆)နှစ်အရွယ်ရှိ ကင်မင်ဂျေးသည် ပြီးခဲ့သည့် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့က တူရကီဖီနာဘာချီအသင်းမှ နာပိုလီအသင်းသို့ ယူရို (၁၈)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်း၏ (၃၃)နှစ်အကြာ တစ်ကျော့ပြန် စကူဒက်တိုချန်ပီယံအောင်ပွဲတွင် အဓိက ကစားသမားအဖြစ်ခြေစွမ်းပြခဲ့သလို၊ စီးရီးအေတစ်နှစ်တာအကောင်းဆုံး နောက်ခံလူဆုကိုလည်း ရယူနိုင်ခဲ့သည်။

ထို့နောက် ကင်မင်ဂျေးသည် ယခုနွေရာသီတွင် ဂျာမန်ထိပ်သီးဘိုင်ယန်မြူးနစ်အသင်းထံ ယူရိုသန်း (၅၀)ဖြင့်ပြောင်းရွှေ့သွားခဲ့ပြီး နာပိုလီပရိသတ်များကို ယခုကဲ့သို့ နှုတ်ဆက်စကားဆိုခဲ့ခြင်းဖြစ်သည်။

ကင်မင်ဂျေးက "ကျွန့်တော့်ဘဝတစ်လျှောက်လုံး နာပိုလီအသင်းပရိသတ်တွေကို အမှတ်ရနေမှာပါ။ သူတို့ဟာအမြဲတမ်းကျွန်တော့်ကို အားပေးထောက်ခံခဲ့ကြသူတွေပါ" ဟု Football Italia သို့ဖြေကြားခဲ့သည်။

Most Read

Most Recent