အေဂျက်စ်အသင်းမှ ဂါနာတောင်ပံကစားသမား ကူဒူစ်ကို ခေါ်ယူရန် အာဆင်နယ်နှင့်အပြိုင် ချယ်လ်ဆီးအသင်း ကြိုးပမ်းနေ

အေဂျက်စ်အသင်းမှ ဂါနာတောင်ပံကစားသမား ကူဒူစ်ကို ခေါ်ယူရန် အာဆင်နယ်နှင့်အပြိုင် ချယ်လ်ဆီးအသင်း ကြိုးပမ်းနေ
Photo: Getty Images
Photo: Getty Images
Published 24 July 2023

ချယ်လ်ဆီးအသင်းသည် အေဂျက်စ်အသင်းမှ ဂါနာတောင်ပံကစားသမား ကူဒူစ်ကို  ခေါ်ယူရန် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းနှင့်အပြိုင် ကြိုးပမ်းနေကြောင်း သိရသည်။

ကူဒူစ်(၂၂ နှစ်)သည် ပြီးခဲ့သည့်ရာသီတွင် အေဂျက်စ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည့်အပြင် ဂါနာလက်ရွေးစင်အသင်းတွင်လည်း ပိုမိုနေရာရလာခဲ့သည်။

ထို့ကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားလာကြခြင်းဖြစ်ပြီး အေဂျက်စ်အသင်း၏ ကစားသမားဟောင်းနှင့် နည်းပြဟောင်းဖြစ်သော ဗန်ဘက်စတန်ကလည်း မန်ယူသို့ ပြောင်းရွှေ့သွားသည့် အန်တိုနီထက် ပိုကောင်းသည်ဟု ချီးကျူးခဲ့သည်။

ကူဒူစ်သည် လက်ရှိအချိန်တွင် ဥရောပအသင်းကြီးတစ်သင်းထံ ပြောင်းရွှေ့ကစားရန် စိတ်ဝင်စားနေပြီး ၎င်း၏အေးဂျင့်ဖြစ်သူကလည်း ''ဒီအချိန် အပြောင်းအရွှေ့လုပ်တာက အေဂျက်စ်အတွက်ရော မိုဟာမက်(ကူဒူစ်)အတွက်ပါ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အပြောင်းအရွှေ့လုပ်ဖို့ သင့်တော်တဲ့အချိန်ပါပဲ''ဟု ပြောကြားခဲ့သည်။

၎င်း၏ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း(၄၀)အထက် ဖြစ်နိုင်ကြောင်း သိရသည်။

Most Read

Most Recent