■  ဂီဗာဒီယိုလ်ကိုခေါ်ယူရန် နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်ဖြစ်သည့် ပေါင်(၈၇) သန်းဖြင့် မန်စီးတီး သဘောတူညီမှုရရှိခဲ့ပြီး ပထမအဆင့် ဆေးစစ်မှုပြုလုပ်ထား

■  ဂီဗာဒီယိုလ်ကိုခေါ်ယူရန် နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်ဖြစ်သည့် ပေါင်(၈၇) သန်းဖြင့် မန်စီးတီး သဘောတူညီမှုရရှိခဲ့ပြီး ပထမအဆင့် ဆေးစစ်မှုပြုလုပ်ထား
Photo: Getty Images
Photo: Getty Images
Published 21 July 2023

မန်စီးတီးအသင်းသည် လိုက်ပ်ဇစ်အသင်း၏ လူငယ်နောက်ခံလူ ဂီဗာဒီယိုလ်ကိုခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် ပထမအဆင့် ဆေးစစ်မှုပြုလုပ်ခဲ့ကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနို၏ ရေးသားမှုကို ကိုးကား၍ ဗြိတိန်သတင်းဌာနများစွာက ပြန်လည်ဖော်ပြခဲ့ကြသည်။

    

အသက် (၂၁) နှစ်သာရှိသေးသည့် ခရိုအေးရှားလက်ရွေးစင် ကြယ်ပွင့်ကစားသမား ဂီဗာဒီယိုလ်သည် ဥရောပ၏ အထွန်းတောက်ဆုံးလူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ခံစစ်အတွင်းလူနေရာအပြင် ဘယ်နောက်ခံလူအဖြစ်ပါ ကစားနိုင်သူဖြစ်သည်။ 

မန်စီးတီးအသင်းသည် ၎င်းနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရထားသည်မှာ တစ်လခန့်ရှိနေပြီဖြစ်ပြီး လိုက်ပ်ဇစ်အသင်းနှင့်ပါ သ ဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဖာဘရီဇီယိုရိုမာနိုက ရေးသားဖော်ပြသည်။ ၎င်းအနေဖြင့် ဗုဒ္ဓဟူးနေ့တွင် မန်စီးတီးအသင်းနှင့် ပထမအဆင့် ဆေးစစ်မှုပြုလုပ်ခဲ့ပြီး မကြာမီ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖွယ်ရှိနေသည်။

    

မန်စီးတီးအသင်းသည် ၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင် (၈၇)သန်း (ယူရိုသန်း ၁၀၀) အထိ ပေးချေရဖွယ်ရှိပြီး ယင်းပမာဏမှာ နောက်ခံလူများအတွက် ကမ္ဘာ့စံချိန်သစ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ 

ဂီဗာဒီယိုလ်သည် ပြီးခဲ့သည့်နှစ်တွင် လိုက်ပ်ဇစ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး စာချုပ်လျော်ကြေး ယူရိုသန်း (၁၁၀) အဖြစ် ထည့်သွင်းထားသော်လည်း လာမည့် ၂၀၂၄ ခုနှစ်မှသာ စတင်အကျုံးဝင်မည် ဖြစ်သည်။

    

ဂီဗာဒီယိုလ်သည် ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်း၏ အကယ်ဒမီမှ ထွက်ပေါ်လာသူဖြစ်ပြီး ၂၀၂၁ ခုနှစ် နွေရာသီတွင် လိုက်ပ်ဇစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သည်။ 

၎င်းသည် လိုက်ပ်ဇစ်အသင်းအတွက် နှစ်ရာသီအတွင်း (၈၈) ပွဲကစား၊ (၅)ဂိုးသွင်းယူထားသလို ခရိုအေးရှားလက်ရွေးစင်အသင်းအတွက်လည်း (၂၁) ပွဲ ကစား၊ နှစ်ဂိုးသွင်းယူပေးထားသည်။ ဂီဗာဒီယိုလ်မှာ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ၏ စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်သည်။

    

လိုက်ပ်ဇစ်အသင်း အားကစားဒါရိုက်တာဖြစ်သူ မက်စ်အီဘာလ်ကလည်း ဂီဗာဒီယိုလ်နှင့်အေးဂျင့်ဖြစ်သူတို့က မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခွင့်ရရန် ဆန္ဒရှိကြောင်း အသင်းထံ အသိပေးထားသည်ဟု ယခုလဆန်းပိုင်းတွင် ထုတ်ဖော်ပြောကြားထားသည်။ မန်စီးတီးအသင်းသည် ယခုနွေရာသီတွင် ကစားသမားတစ်ဦးသာ ခေါ်ယူထားသေးပြီး ချယ်လ်ဆီးအသင်း၏ ခရိုအေးရှားလက်ရွေးစင်ကွင်းလယ်လူ ကိုဗာချစ်ကို ပေါင် (၂၅) သန်း ဖြင့် ခေါ်ယူထားခြင်းဖြစ်သည်။

Most Read

Most Recent