■ လာမည့်ရာသီ၌ တန်းဆင်းရလိမ့်မည်ဟု အဲဗာတန်ပရိသတ်များ ယူဆနေ     

■ လာမည့်ရာသီ၌ တန်းဆင်းရလိမ့်မည်ဟု အဲဗာတန်ပရိသတ်များ ယူဆနေ     
Photo: Getty Images
Photo: Getty Images
Published 21 July 2023

အဲဗာတန်အသင်း၏ ပရိသတ်များသည် လာမည့်ရာသီ၌ ပရီးမီးယားလိဂ်မှ တန်းဆင်းရလိမ့်မည်ဟု ယူဆနေကြောင်း သိရသည်။ 

Daily Mail က လာမည့်ရာသီအတွက် ပရိသတ်များထံ ဆန္ဒမဲကောက်ခံပြီး စစ်တမ်းထုတ်ခဲ့ရာ အဲဗာတန်ပရိသတ်များက ၎င်းတို့အသင်းအနေဖြင့် တန်းဆင်းဇုန်တိုက်ပွဲ ထပ်မံဆင်နွှဲရဦးမည်ဖြစ်ပြီး တန်းဆင်းရနိုင်ခြေရှိသည်ဟု ထင်မြင်ချက်ပေးခဲ့ကြကြောင်း သိရသည်။ 

နယူးကာဆယ်ပရိသတ်များက ဆုဖလားတစ်ခုခု ရယူနိုင်လိမ့်မည်ဟု ယုံကြည်နေကြပြီး အာဆင်နယ်ပရိသတ်များကလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထပ်မံစိန်ခေါ်နိုင်မည်ဟု ယုံကြည်နေကြသည်။ 

မန်စီးတီးပရိသတ်(၉၂%)က ပရီးမီးယားလိဂ်ချန်ပီယံဆု ထပ်ရမည်ဟု ယုံကြည်နေကြောင်း သိရသည်။

Most Read

Most Recent