■  ကမ္ဘာ့အဆင့် ထိပ်ဆုံး(၁၀)နေရာ အပြောင်းအလဲမရှိဘဲ အာဂျင်တီးနား နံပါတ် (၁) နေရာတွင် ဆက်လက်ရပ်တည်

■  ကမ္ဘာ့အဆင့် ထိပ်ဆုံး(၁၀)နေရာ အပြောင်းအလဲမရှိဘဲ အာဂျင်တီးနား နံပါတ် (၁) နေရာတွင် ဆက်လက်ရပ်တည်
Photo: Getty Images
Photo: Getty Images
Published 21 July 2023

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ဇူလိုင်လအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ ကို ထုတ်ပြန်ကြေညာခဲ့ရာ ထိပ်ဆုံး(၁၀)နေရာမှာ အပြောင်းအလဲမရှိခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းက ကမ္ဘာ့အဆင့်နံပါတ်(၁)နေရာတွင် ဆက်လက်ဦးဆောင်နေသည်။  

၎င်း၏နောက်တွင် ပြင်သစ်၊ ဘရာဇီးလ်၊ အင်္ဂလန်၊ ဘယ်လ်ဂျီ ယံ၊ ခရိုအေးရှား၊ နယ်သာလန်၊ အီတလီ၊ ပေါ်တူဂီနှင့် စပိန်တို့ အစဉ်လိုက်ရပ်တည်ခဲ့သည်။ 

မြန်မာအသင်းမှာ ပြီးခဲ့သည့် ဇွန်လကအတိုင်း ကမ္ဘာ့အဆင့်(၁၆၀)နေရာတွင် ဆက်လက်ရပ်တည် ခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent