ဒုတိယရာသီမှာ ပိုမိုခက်ခဲမည်ဟု တန်ဟက်ဂ် သတိပေးခံရ

ဒုတိယရာသီမှာ ပိုမိုခက်ခဲမည်ဟု တန်ဟက်ဂ် သတိပေးခံရ
Photo: Man Utd Twitter
Photo: Man Utd Twitter
Published 20 July 2023

မန်ယူဂန္ထဝင်တိုက်စစ်မှူး အန်ဒီကိုးလ်က နည်းပြ တန်ဟက်ဂ်အတွက် ဒုတိယရာသီမှာ ပိုမိုခက်ခဲမည်ဟု သတိပေးပြောကြားခဲ့သည်။

တန်ဟက်ဂ်သည် မန်ယူအသင်းကို စတင်ကိုင်တွယ်ခဲ့သည့် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင် လိဂ်ဖလား ရယူပေးနိုင်ခဲ့သလို၊ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ထို့ကြောင့် ၎င်း၏ဒုတိယရာသီတွင် အောင်မြင်မှုများ ပိုမိုရရှိရန် ပရိသတ်များ မျှော်လင့်နေကြမည်ဟု အန်ဒီကိုးလ်က ပြောကြားခဲ့သည်။

၎င်းက ''တန်ဟက်ဂ်ဟာ သူ့ရဲ့ပထမရာသီမှာ အကောင်းဆုံးလုပ်ပြနိုင်ခဲ့တာကြောင့် ဒုတိယရာသီမှာ ပရိသတ်တွေရဲ့ မျှော်လင့်ချက်က ပိုမြင့်နေမှာပါ။ ဒါကြောင့် ရာသီသစ်က သူ့အတွက် မနှစ်ကထက် ပိုခက်ပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent