ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ပေါ်တူဂီလက်ရွေးစင်အသင်းကိုယ်စားပြု ကစားပေးသွားမည်ဟု အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို အတည်ပြု

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ပေါ်တူဂီလက်ရွေးစင်အသင်းကိုယ်စားပြု ကစားပေးသွားမည်ဟု အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 20 July 2023

လာမည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ပေါ်တူဂီလက်ရွေးစင်အသင်းကိုယ်စားပြု ကစားပေးသွားမည်ဖြစ်ကြောင်း အသင်းခေါင်းဆောင်ဖြစ်သူ စီရော်နယ်လ်ဒိုက အတည်ပြုပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် နိုင်ငံတကာပွဲ(၂၀၀) ပြည့်မြောက်သည့် ပထမဆုံးကစားသမားအဖြစ် မကြာသေးမီက ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပြီး နိုင်ငံလက်ရွေးစင်သွင်းဂိုးတွင်လည်း စံချိန်တင်(၁၂၃)ဂိုးအထိ သွင်းယူထားကြောင်း သိရသည်။

''အမြဲတမ်း ကျွန်တော် တစ်စုံတစ်ရာကို သက်သေပြခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဘာမှသက်သေပြစရာ မရှိတော့ချိန်မှာ ဘဝသေဆုံးသွားတဲ့ အမှတ်လက္ခဏာပါပဲ။ နှစ်စဉ်နှစ်တိုင်း ကျွန်တော် တစ်စုံတစ်ခုကို သက်သေပြခဲ့ပါတယ်။ သက်သေပြမှုဟာ ကျွန်တော့်ရဲ့ကစားသမားသက်တမ်း ကြာရှည်ခြင်းအတွက် စံနမူနာတစ်ခုပါပဲ။ အသက်(၃၈)နှစ်ခွဲအရွယ်မှာ ကျွန်တော်ဟာ စိတ်ဝင်စားစရာကောင်းတဲ့အရာတွေ လုပ်ဆောင်နိုင်နေတုန်းပါပဲ။ ဘာတွေလဲ။ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ၊ လက်ရွေးစင်အသင်းမှာ ကောင်းမွန်တဲ့ပြင်ဆင်မှုတွေ၊ ခြေစစ်ပွဲအဆင့်နဲ့ ဥရောပချန်ပီယံရှစ်မှာ ကောင်းမွန်တဲ့ပုံစံ ရှိနေတာတွေက ကျွန်တော့်ကစားသမားဘဝ (၂၁)နှစ်တာမှာ လုပ်ခဲ့ပြီး ဆက်လက်လုပ်ဆောင်သွားမယ့်အရာတွေပါ။ ဒီပုံစံနဲ့ပဲ ပျော်ရွှင်စွာ ကျွန်တော် ရှေ့ဆက်သွားပါလိမ့်မယ်။ ကျွန်တော် အသုံးဝင်နေဆဲဖြစ်ပြီး ခြေစွမ်းကောင်းနေဆဲလို့ ခံစားရတုန်းပါပဲ။ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင် ဆက်ကစားနေပါတယ်။ ဒါဟာ ကျွန်တော် အကြိုက်ဆုံးအရာ ဖြစ်လို့ပါပဲ''ဟု စီရော်နယ်လ်ဒိုက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည် ၂၀၀၃ ခုနှစ်တွင် ပေါ်တူဂီအသင်းအတွက် စတင်ပွဲထွက်ကစားခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent