မာရက်ဇ်နေရာတွင် ရာဖင်ညာနှင့် အစားထိုးရန် မန်စီးတီးအသင်း စီစဉ်

မာရက်ဇ်နေရာတွင် ရာဖင်ညာနှင့် အစားထိုးရန် မန်စီးတီးအသင်း စီစဉ်
Photo: Barcelona Twitter
Photo: Barcelona Twitter
Published 20 July 2023

မန်စီးတီးအသင်းသည် အသင်းမှထွက်ခွာဖွယ်ရှိနေသည့် တောင်ပံကစားသမား မာရက်ဇ်၏နေရာတွင် ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ညာနှင့် အစားထိုးရန် စီစဉ်နေကြောင်း သိရသည်။

မာရက်ဇ်(၃၂ နှစ်)သည် ဆော်ဒီကလပ် အယ်လ်အာလီအသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီး ပြောင်းရွှေ့ကြေးသဘောတူညီမှုရရန်သာ လိုအပ်တော့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

မာရက်ဇ်အား လက်လွှတ်ရမည့်အခြေအနေတွင် မန်စီးတီးအသင်းအနေဖြင့် ၎င်းနေရာ အစားထိုးရန် ရာဖင်ညာကို ပစ်မှတ်ထားလာခြင်းဖြစ်သည်။

ရာဖင်ညာသည် လိဒ်စ်အသင်းတွင် ခြေစွမ်းပြခဲ့သူဖြစ်ရာ ပရီးမီးယားလိဂ်နှင့် အံ့ဝင်သည့်အတွက် မန်စီးတီးအသင်းက ၎င်းကို မာရက်ဇ်နေ ရာအစားထိုးရန် အလိုရှိနေခြင်းဖြစ်သည်။ 

Most Read

Most Recent