ခံစစ်မှူးတွေရဲ့နောက်ကျောက နေရာလွတ်ကို ရှာဖွေခြင်း

ခံစစ်မှူးတွေရဲ့နောက်ကျောက နေရာလွတ်ကို ရှာဖွေခြင်း
Photos: Getty Images
Photos: Getty Images
Published 12 July 2023
Chan Myae

တိုက်စစ်မှူး၊ သို့မဟုတ် တောင်ပံတိုက် စစ်မှူးတစ်ဦးအတွက် အရေးအကြီးဆုံးအရာက Space  ရဖို့ပဲ။ Space တွေရတယ်ဆိုရင် ဂိုးသွင်းတာ၊ ဖန်တီးတာ၊ သို့မဟုတ် သွင်းဂိုးတစ်ဂိုးအတွက် ထိရောက်တဲ့ လုပ်ဆောင်ချက်တစ်ခုခုကို လုပ်ဖို့ အခွင့်အရေးပိုရတာပဲ။ ဒီနေရာမှာ တချို့ကစားသမားတွေက Space တွေကို ကိုယ်တိုင်ရှာဖွေနိုင် စွမ်းရှိတယ်။ တချို့က အသင်းဖော်တွေ တည်ဆောက်ပေးတဲ့ Space တွေကို ထိထိရောက် ရောက်အသုံးချပြီး၊ တချို့ကတော့ အသင်းဖော်တွေအတွက် Space တွေ လုပ်ပေးနိုင်ကြတယ်။ ဒီ (၃)မျိုးအတွက် မတူကွဲပြားတဲ့ အကောင်းဆုံး ဥပမာဆိုရင် မက်ဆီ၊ ကာကာတို့က ကိုယ်တိုင် Space ရှာဖွေနိုင်တဲ့ ကစားဟန်၊ ခရက်စပို၊ စီရော်နယ်လ်ဒို၊ လီဝန်ဒေါစကီးတို့လို ကစားသမားတွေက အသင်းဖော်တွေ ဖန်တီးပေးတဲ့ Space တွေကို ထိထိရောက်ရောက်အသုံးချနိုင်သူတွေ ဖြစ်ပြီး၊ ဇီဒန်း၊ ရူအီကော်စတာ၊ အော်တေဂါတို့လို ကစားသမားတွေက အသင်းဖော်တွေ Space တွေရအောင် ကူညီပေးနိုင်စွမ်းရှိသူတွေအဖြစ် အကြမ်းခွဲခြားနိုင်တယ်။ ကျွန်တော်တို့ငယ်ငယ်က ဘောလုံး ပွဲကြည့်တဲ့အခါ ကစားသမားတွေရဲ့ တစ်ဦးချင်းအလိမ်အခေါက်ပိုင်းကို အဓိကထားကြည့်ပြီး ကောင်းတယ်၊ မကောင်းဘူး အလွယ်တကူ ဆုံးဖြတ်လေ့ ရှိတယ်။ အဲဒီအချိန်က အမြင်နဲ့ဆိုရင် ဒီဘက်ခေတ်မှာ သောမတ်စ်မူလာလို ကစားသမားမျိုးကို အထင်ကြီးတဲ့ စိတ်ရှိမှာမဟုတ်ဘူး။ ဘရာဇီးလ်က ဒီနယ်လ်ဆင်လို ကစားသမားမျိုးဆိုရင် အသေကြိုက်ခဲ့မိလိမ့်မယ်။

 

Most Read

Most Recent