မြန်မာ ယူ-၂၃ အသင်းကို ပဏာမကစားသမား ၄၀ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ရက်ပိုင်းအတွင်း လေ့ကျင့်မှုစတင်မည်

မြန်မာ ယူ-၂၃ အသင်းကို ပဏာမကစားသမား ၄၀ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ရက်ပိုင်းအတွင်း လေ့ကျင့်မှုစတင်မည်
Photo: MFF
Photo: MFF
Published 10 July 2023

 မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ ယူ-၂၃ အမျိုးသားအသင်းကို  ပဏာမကစားသမား ၄၀ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး လာမည့်ရက်ပိုင်းအတွင်း လေ့ကျင့်မှုများ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၂၃ အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများအဖြစ်  အာဆီယံ ယူ-၂၃ ပြိုင်ပွဲ၊ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲနှင့် အာရှအားကစားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လက်ရှိရွေးချယ်လိုက်သည့် ပဏာမကစားသမား ၄၀ ဦးတွင် ရတနာပုံအသင်းမှ ၆ ဦး၊ ကချင်ယူနိုက်တက်မှ ၆ ဦး၊ ရန်ကုန်ယူနိုက်တက်မှ ၄ ဦး၊ ရခိုင်ယူနိုက်တက်မှ ၄ ဦး၊ အားကာသိပ္ပံမှ ၄ ဦး၊ ဟံသာဝတီယူနိုက်တက်မှ ၃ ဦး၊ ဧရာဝတီ ယူနိုက်တက်မှ ၃ ဦး၊ ဒဂုံစတားမှ ၂ ဦး၊ GFA မှ ၂ ဦး၊ မြန်မာ ယူ-၁၉အသင်းမှ ၂ ဦး၊ သစ္စာအားမာန်မှ ၂ ဦး၊ မဟာယူနိုက်တက်မှ ၁ ဦး၊ မြဝတီမှ ၁ ဦးတို့ ပါဝင်နေကြောင်း သိရသည်။

မြန်မာ ယူ-၂၃ အသင်းကို  နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား ဖိုက်ရှ်အွန်ဘိုင်နာက ကိုင်တွယ်မည်ဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း လေ့ကျင့်မှုများ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား ဖိုက်ရှ်အွန်ဘိုင်နာသည် ပြီးခဲ့သည့် ကမ္ဘောဒီးယားဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ ယူ-၂၂ အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပြီး   ဆီမီးဖိုင်နယ်သို့ ပို့ ဆောင်နိုင်ခဲ့သော်လည်း ဆုတံဆိပ်နှင့် လွဲချော်ခဲ့ရသည်။

၂၀၂၃ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲကို သြဂုတ် ၁၇ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံ၌လည်းကောင်း၊ ၂၀၂၄ အာရှဖလား ယူ -၂၃ ခြေစစ်ပွဲကို စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိလည်းကောင်း ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို  စက်တင်ဘာ ၂၃ ရက် မှ သြဂုတ် ၈ ရက်အထိလည်းကောင်း ကျင်းပမည်ဖြစ်သည်။

မြန်မာ ယူ-၂၃ အမျိုးသားအသင်း၏ ပဏာမကစားသမားစာရင်း

ဂိုး-ပြည့်ဖြိုးအောင်၊ နေလင်းထက် (ဟံသာဝတီ)၊ အောင်ပြည့်ဖြိုး (ဒဂုံစတား)၊ ကမ်လျှံတောင်(GFA)၊ ဟိန်းထက်စိုး (ဧရာဝတီ)၊ နောက်တန်း- ညဏ်လင်းထက် (ရန်ကုန်)၊ ထူးမြတ်ခန့်၊ အောင်သူရိိန် (ကချင်)၊ သူရ၊ မင်းခန့်၊ အောင်ကျော်အေး (ရခိုင်)၊ မောင်မောင်စိုး၊ ကောင်းထက်ပိုင် (ရတနာပုံ)၊ ဝေယံလင်းသူ (ဧရာဝတီ)၊ ရှင်းသန့်အောင် (ဟံသာဝတီ)၊ မိုးဆွေအောင် (အားကာ)၊ အလယ်တန်း- အာကာကျော် (မဟာ)၊ ရန်ကျော်စိုး၊ ထက်လင်းစိုး (ရန်ကုန်)၊ လန်းဆန်းအောင်၊ ကျော်ဇေယျ (အားကာ)၊ စိုးမင်းဦး (မြဝတီ)၊ သန်းတိုးအောင်-၁၊ ညီညီ၊ ကိုကို၊ စိုင်းအောင် (ကချင်)၊ မိုးဆွေ၊ ချစ်အေး (ရတနာပုံ)၊ ရှိုင်းဝဏ္ဏအောင် (ယူ-၁၉)၊ သန်းတိုးအောင်-၂ (GFA)၊ မင်းမော်ဦး (သစ္စာအားမာန်)၊ ဝေယံဖြိုး (ဒဂုံစတား)၊ ရှေ့တန်း- စွမ်းထက်၊ အောင်မျိုးခန့် (ရတနာပုံ)၊ လမင်းထွေး (ရန်ကုန်)၊ ဝင်းပြည့်မောင် (အားကာ)၊ ပြည့်စုံအောင် (ယူ-၁၉)၊ စောမျိုးဇော် (သစ္စာအားမာန်)၊ သန်းတိုးအောင်-၃ (ရခိုင်)၊ အောင်မင်းသူ (ဧရာဝတီ)

Most Read

Most Recent