တိုက်စစ်မှူး ဝင်းနိုင်ထွန်း၏ ဘော်နီယိုအသင်း အင်ဒိုနီးရှားလီဂါ-၁ တွင် နိုင်ပွဲစတင်ရရှိ

တိုက်စစ်မှူး ဝင်းနိုင်ထွန်း၏ ဘော်နီယိုအသင်း အင်ဒိုနီးရှားလီဂါ-၁ တွင် နိုင်ပွဲစတင်ရရှိ
Photo: Borneo FC
Photo: Borneo FC
Published 10 July 2023

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ဝင်းနိုင်ထွန်း၏ဘော်နီယိုအသင်းသည် ယခုရာသီ အင်ဒိုနီးရှားလီဂါ-၁ ပြိုင်ပွဲတွင် နိုင်ပွဲစတင်ရရှိခဲ့ကြောင်း သိရသည်။

ဘော်နီယိုအသင်းသည် ယခုရာသီ အင်ဒိုနီးရှားလီဂါ-၁ ပြိုင်ပွဲ ပွဲစဉ်(၂) အဖြစ် ပြီးခဲ့သည့် ဇူလိုင် ၈ ရက်က အိမ်ကွင်းတွင် ဘာလီယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယင်းပွဲတွင် တိုက်စစ်မှူး ဝင်းနိုင်ထွန်းသည် ဘော်နီယိုအသင်း၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး အဝါကတ်အပြခံခဲ့ရသလို ပွဲကစားချိန ၈၆ မိနစ်တွင် လူစားလဲခံခဲ့ရကြောင်း သိရသည်။

ဘော်နီယိုအသင်းသည် ပွဲစဉ်(၁) အဖြစ် ပြီးခဲ့သည့် ဇူလိုင်(၃) ရက်က ပါဆစ်ကီဒရီအသင်းနှင့် အဝေးကွင်းသွားရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး (၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။

ယင်းပွဲတွင် ဝင်းနိုင်ထွန်းမှာ ဘော်နီယိုအသင်းတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဝင်းနိုင်ထွန်းသည် ပြီးခဲ့သည့် မေလနောက်ဆုံးပတ်အတွင်းက မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းမှနေ၍ အင်ဒိုနီးရှားကလပ် ဘော်နီယိုအသင်းထံသို့ တစ်ရာသီစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ကျောနံပါတ်(၉၉) ဝတ်ဆင်ကစားခွင့်ရရှိနေသည်။ 

Most Read

Most Recent