ရာသီသစ်ကို ခံစစ်ပြင်ပြီး အက်သလက်တီကိုပြန်လာမယ်

ရာသီသစ်ကို ခံစစ်ပြင်ပြီး အက်သလက်တီကိုပြန်လာမယ်
Photos: Twitter
Photos: Twitter
Published 8 July 2023
Hein Thant

ပြီးခဲ့တဲ့၂၀၂၂-၂၃ ရာသီမှာတော့ အက်သလက်တီကိုဟာ လာလီဂါမှာ သွင်းဂိုး (၇၀)ဂိုးအထိ ရခဲ့ပြီး ပေးဂိုးကတော့ ၂၀၂၁-၂၂ ရာသီကထက် (၁၀)ဂိုးလျော့ကာ (၃၃)ဂိုးပေးခဲ့ရတယ်။ သွင်းဂိုးပိုင်းကတော့ တစ်ရာသီထက်တစ်ရာသီတိုးတက်မှု ပြလာနိုင်ပေမယ့် ခံစစ်ကပေးထားရတဲ့ပေးဂိုးနှုန်းတွေအရတော့ ဆီမြွန်နီအတွက် တစ်ရာသီပျမ်းမျှ ပေးဂိုး ဂိုး (၃၀)အောက်ကို မဆင်းနိုင်သေးဘူးဖြစ်နေခဲ့တယ်။ ဒီလိုအနေအထားမှာ ဥရောပအဆင့် ချန်ပီယံလိဂ်ကိုပြန်ကြည့်တော့လည်း အုပ်စုနောက်ဆုံးနေရာက စောစောစီးစီးထွက်လိုက်ရတဲ့အပြင် အုပ်စုပွဲစဉ် (၆)ပွဲမှာ ရဂိုး (၅)ဂိုးနဲ့ ပေးဂိုး (၉) ဂိုးအထိရှိခဲ့တာကြောင့် ဆီမြွန်နီနဲ့ အက်သလက်တီကိုအတွက် ပိုပြီးစိတ်ပျက်စရာရလဒ်မျိုးဖြစ်သွားစေခဲ့တယ်။ တိုက်စစ်ပိုင်းကတော့ ဆီမြွန်နီအတွက်ကျေနပ်စရာအခြေအနေမျိုးဖြစ်ခဲ့ပြီး ခံစစ်ပိုင်းကတော့ ပြီးခဲ့တဲ့ ရာသီတွေမှာဆီမြွန်နီအတွက် ခေါင်းစားအောင်ပြဿနာအများဆုံးကြုံခဲ့ရတဲ့ နေရာဖြစ်လာခဲ့တယ်။ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကလည်း အက်သလက်တီကိုခံစစ်အားလျော့ခဲ့ရမှုအတွက် အဓိကကျသလိုဖြစ်နေတယ်။ အထူးသဖြင့်ခံစစ်အတွင်းလူတွေ ကွင်းလယ်ဗဟိုခံစစ်အားပြုကစားသမားတွေ ဒဏ်ရာပြဿနာတွေကြုံခဲ့ရတာတွေက ဆီမြွန်နီရဲ့ ခံစစ်ပိုင်းတောင့်တင်းအောင် ပြန်ပြင်ဆင်ရေးအပေါ် ထိခိုက်မှုတွေရှိစေခဲ့တယ်။

 

Most Read

Most Recent