ပြည်သူ့အလုပ်သမားပါတီနှင့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဇွန် ၂၁ ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း UEC က ကြေညာသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ကြေညာချက်အရ ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့ နယ်၊ (၄၁) တိုးချဲ့ရပ်ကွက်၊ တော်ဝင်အိမ်ရာ၊ အခန်း (၂၅)၊ တိုက် (၈) တွင် ပါတီ ရုံးချုပ်ဖွင့် လှစ်ထားရှိသော ပြည်သူ့အလုပ်သမားပါတီ နှင့် ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ် (အ ရှေ့ပိုင်း) မြို့ နယ်၊ ချမ်းသာရွှေပြည်အိမ်ရာ၊ ၁၀ ရပ်ကွက်၊ မြို့သစ် ၂ လမ်း၊ အမှတ် (စီ^၁၀) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကို ဇွန် ၂၁ ရက်မှ စတင်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ဖော်ပြထားသည်။
ပြည်သူ့အလုပ်သမားပါတီက မှတ်ပုံတင်အမှတ် (၂၆)နှင့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက မှတ်ပုံတင်အမှတ် (၂၇) ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပေဒကို ဇန်နဝါရီ ၂၆ ရက်တွင် ပြဋ္ဌာန်းပြီး နောက် UEC သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၃ ပါတီရှိသည့်အနက် လက်ရှိတွင် UEC က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားသည့်ပါတီ ၂၇ ပါတီရှိ ပြီး ယင်းပါတီများမှာ (၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ (၂) မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ (၃) ဒီမိုကရေစီပါတီသစ် (ကချင်)၊ (၄) ဖလုံ-စဝေါ်ဒီမိုကရက် တစ်ပါတီ၊ (၅) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ (၆) ရခိုင့်ဦးဆောင်ပါတီ၊ (၇) တိုင်းလျန် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ (၈) ရှမ်း နီ(တိုင်းလျန်) သွေး စည်းညီညွတ်ရေးပါတီ၊ (၉) ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ (၁၀) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီ၊ (၁၁) မြိုတိုင်းရင်းသားပါတီ၊ (၁၂) လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊ (၁၃) ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၄) အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၅) အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ (၁၆) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ (၁၇) ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ (၁၈) ကရင်ပြည်သူ့ပါတီ၊ (၁၉) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ (၂၀) နာဂအမျိုးသားပါတီ၊ (၂၁) ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ (၂၂) ပြည်သူ့ရှေ့ဆောင်ပါတီ၊ (၂၃) အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ (၂၄)အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ (၂၅) ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ (၂၆) ပြည်သူ့အလုပ်သမားပါတီနှင့် (၂၇) မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်ကြောင်း သိရသည်။
UEC သို့ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၃ ပါတီရှိသည့်အနက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ် မ ၃ အရ လာရောက်လျှောက်ထားသည့် ပါတီ ၁၃ ပါတီနှင့် ပုဒ်မ ၂၅ အရ လာရောက်လျှောက်ထားသည့်ပါတီ ၅၀ ရှိကြောင်း UEC က ထုတ်ပြန်ထားသည်။
ယင်းသို့ လာရောက်လျှောက်ထားသည့် ပါတီများထဲတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၁၂ ပါတီနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၅၁ ပါတီရှိကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုလည်း နိုင်ငံရေးပါတီအဖြစ်မှ UEC က ဖျက်သိမ်းခဲ့သည်။
UEC က ဖျက်သိမ်းလိုက်သည့် ပါတီ ၄၀ မှာ (၁) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၂) ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ (၃) ကယန်းအမျိုးသားပါတီ၊ (၄) တအာင်း (ပလောင်) အမျိုးသားပါတီ၊ (၅) ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ (၆) ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ (၇) ဝံသာနုဒီမိုကရက်တစ်ပါတီ၊ (၈) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၊ (၉) တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ (၁၀) ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ (၁၁) ဗမာပြည်သူ့ပါတီ၊ (၁၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ (၁၃) မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ (၁၄) မြန်မာအမျိုးသားကွန်ကရက်၊ (၁၅) အရှိုချင်းအမျိုးသားပါတီ၊ (၁၆) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ (၁၇) အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ၊ (၁၈) အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ (၁၉) ထားဝယ်တိုင်းရင်းသားများပါတီ၊ (၂၀) ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ (၂၁) ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ (၂၂) ခူမီး (ခမီး) အမျိုးသားပါတီ၊ (၂၃) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ (၂၄) ကရင်အမျိုးသားပါတီ၊ (၂၅) မြိုအမျိုးသား ဒီမိုကရေစီပါတီ၊ (၂၆) လမ်းပြကြယ်ပါတီ၊ (၂၇) ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၊ (၂၈) လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၊ (၂၉) ခေတ်သစ်ပြည်ထောင်စုပါတီ၊ (၃၀) ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ (၃၁) အမျိုးသားတိုးတက်ရေးပါတီ၊ (၃၂) ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ (၃၃) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ (၃၄) ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ (၃၅) အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ (၃၆) အခြေခံလူတန်းစားဘဝမြင့်မား ရေးပါတီ၊ (၃၇) ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ (၃၈) ချင်းတိုင်းရင်းသားများ ပါတီ၊ (၃၉) ကချင်အမျိုးသားပါတီနှင့် (၄၀) မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားမဟာမိတ်ပါတီတို့ဖြစ်သည်။















