မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာနေထိုင်ရသူဦးရေ ၁ ဒသမ ၈၄ သန်းကျော်ရှိနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီရန် သွားလာလုပ်ဆောင်နိုင်ခွင့်က စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်ရှိနေကြောင်း UNHCR ထုတ်ပြန်

မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာနေထိုင်ရသူဦးရေ ၁ ဒသမ ၈၄ သန်းကျော်ရှိနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီရန် သွားလာလုပ်ဆောင်နိုင်ခွင့်က စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်ရှိနေကြောင်း UNHCR ထုတ်ပြန်
Published 20 June 2023

မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာနေထိုင်ရသူဦးရေ ၁ ဒသမ ၈၄ သန်းကျော်ရှိနေပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီရန် သွားလာလုပ်ဆောင်နိုင်ခွင့်က စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်ရှိနေကြောင်း ကုလသမဂ္ဂ၏  ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်သည်။

နေရပ်စွန့်ခွာနေထိုင်နေရသည့် လူမှုအသိုက်အဝန်းများနှင့် ပဋိပက္ခဒဏ်ခံရသူများ ရင်ဆိုင်ကြုံတွေ့နေရသော လိုအပ်ချက်များ တိုးပွားလာသည်နှင့်အမျှ UNHCR အနေဖြင့် မြေပြင်တွင် ဆက်လက်၍ လက်တွေ့ကူညီဆောင်ရွက်လျက်ရှိနေကြောင်း UNHCR က ဆိုသည်။

ကရင်ပြည်နယ်မှ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်မှ တနင်္သာရီတိုင်းဒေသကြီးအထိ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများဖြန့်ဝေပေးရေးနှင့် လူမှုအသိုက်အဝန်းများသာယာဝပြောရေးတို့အတွက် နိုင်ငံတကာ၊ ပြည်တွင်းနှင့်ဒေသခံမိတ်ဖက်အဖွဲ့များနှင့်အတူ ဆက်လက်လုပ်ဆောင်နေကြောင်း UNHCR က ထုတ်ပြန်သည်။ 

သွားလာလုပ်ဆောင်နိုင်ခွင့်သည် စိန်ခေါ်မှုတစ်ရပ်အဖြစ်ဆက်လက်ရှိနေပြီး အထူးသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားရာနေရာဒေသများတွင် ဖြစ်ကြောင်း UNHCR က ဆိုသည်။ 

သို့သော် လိုအပ်နေသော ကယ်ဆယ်ရေးပစ္စည်းများနှင့် ပံ့ပိုးကူညီဆောင်ရွက်မှုများကို အဆိုပါလူမှုအသိုက်အဝန်းများထံသို့ ရောက်ရှိပေးအပ်နိုင်ရန် UNHCR မှ ဆက်လက်တိုက်တွန်းအရေးဆိုလျက်ရှိကြောင်း UNHCR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာနေထိုင်နေရသူအများစုသည် ၎င်းတို့ရွှေ့ပြောင်းရာ လက်ခံလူမှုအသိုက်အဝန်းများနှင့်အတူ နေထိုင်နေကြပြီး UNHCR အနေဖြင့် ၎င်းတို့အား ဆက်လက်ကူညီပံ့ပိုးပေးသွားရမည်ဖြစ်ကြောင်းနှင့် မိတ်ဖက်များနှင့်အတူ မြန်မာနိုင်ငံအတွင်း လုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားရန် သံန္နိဋ္ဌာန်ချထားပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့်တကွ အကူအညီလိုအပ်နေသူများအား ပံ့ပိုးကူညီပေးသည့်ဆောင်ရွက်မှုကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း UNHCR က ထုတ်ပြန်သည်။

Most Read

Most Recent