တိုင်းနှင့်ပြည်နယ်အချို့၌ ဖြစ်ပေါ်လျက်ရှိသည့် ဖောက်ခွဲမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများတွင် ဖမ်းဆီးရမိသူများ ငှားရမ်းနေထိုင်သည့် နေအိမ်တိုက်ခန်းများအား သက်သေခံအဖြစ်သိမ်းဆည်းပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်

တိုင်းနှင့်ပြည်နယ်အချို့၌ ဖြစ်ပေါ်လျက်ရှိသည့် ဖောက်ခွဲမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများတွင် ဖမ်းဆီးရမိသူများ ငှားရမ်းနေထိုင်သည့် နေအိမ်တိုက်ခန်းများအား သက်သေခံအဖြစ်သိမ်းဆည်းပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်
Published 13 June 2023

တိုင်းနှင့်ပြည်နယ်အချို့၌ ဖြစ်ပေါ်လျက်ရှိသည့် ဖောက်ခွဲမှုများ၊လုပ်ကြံသတ်ဖြတ်မှုများတွင် ဖမ်းဆီးရမိသူများ ငှားရမ်းနေထိုင်သည့် နေအိမ်တိုက်ခန်းများအား သက်သေခံအဖြစ်သိမ်းဆည်းပြီး တရားရုံးတွင်စစ် ဆေးပေါ်ပေါက်ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်သည်။

အကြမ်းဖက်သမားများကို ငှားရမ်းနေထိုင်ခွင့်ပြုသည့် နေအိမ်တိုက်ခန်းပိုင်ရှင်များနှင့်ပတ်သက်၍ သိရှိလိုက်နာနိုင်ရန် အသိပေးထုတ်ပြန်ချက်အဖြစ် ဇွန် ၁၂ ရက်က ထပ်မံအသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်လုပ်ငန်းလုပ်ဆောင်သူများသည် ၎င်းတို့အား အလွယ်တကူခြေရာခံနိုင်ခြင်းမရှိစေရန် အဆောင်များ၊ နေအိမ်တိုက်ခန်းများတွင် ငှားရမ်းနေထိုင်ကာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက် ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အဆောင်၊ နေအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် ငှားရမ်းသူများ၏ ကိုယ်ရေးအချက်အလက် အထောက်အထားပြည့်စုံမှသာ ငှားရမ်းခြင်းနှင့် ယင်းအချက်အလက်အထောက်အထားများဖြင့် သက်ဆိုင်ရာရပ်ကွက် (သို့) ကျေးရွာအုပ်ချုပ် ရေးမှူးရုံးများသို့ ဧည့်စာရင်းတိုင်ကြားရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

အကြမ်းဖက်မှုကျူးလွန်သည့် ငှားရမ်းနေထိုင်သူများအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေအရ အရေးယူရာတွင် ငှားရမ်းထားသည့် နေအိမ်၊ တိုက်ခန်းများကို သက်သေခံအဖြစ်သိမ်းဆည်းကာ တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဟု အ ကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

သို့ရာတွင် နေအိမ်တိုက်ခန်းပိုင်ရှင်အချို့က ဆက်လက်ငှားရမ်းပေးနေခြင်းသည် အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နိုင်ရန် အားပေးကူညီရာရောက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် အကြမ်း ဖက်သမားများနှင့်အကြမ်းဖက်အုပ်စုများကို အဆောက်အအုံနှင့်နေရာတစ်ခုခုအား အသုံးပြုခွင့်၊ ယာယီတည်းခိုနေထိုင်ခွင့်ပြုသူများသည် အကြမ်းဖက်သမားများနည်းတူ အကြမ်းဖက်မှုကို ကျူးလွန်ရာရောက်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိချိန်တွင် နေအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် စနစ်တကျစိစစ်ငှားရမ်းခြင်း၊ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိကြောင်း တွေ့ရှိပါက ငှားရမ်းထားသည့် နေအိမ်တိုက်ခန်းများကို သက်သေခံအဖြစ်သိမ်းဆည်းပြီး တရားရုံးတွင်စစ်ဆေးပေါ်ပေါက်ပါက နိုင်ငံ တော်ဘဏ္ဍာအဖြစ်သိမ်းဆည်း၍ အကြမ်းဖက်မှုအား အားပေးကူညီသူအဖြစ် အရေးယူသွားမည်ကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent