အမေရိကန်နှင့် တရုတ်စစ်တပ်၏အားပြိုင်မှုများ

အမေရိကန်နှင့် တရုတ်စစ်တပ်၏အားပြိုင်မှုများ
Published 7 June 2023
ဖြိုးဟိန်းကျော်

ဇွန် ၃ ရက်က ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်စစ်သင်္ဘောတစ်စင်းက အမေရိကန် ဖျက်သင်္ဘောနှင့် ကိုက် ၁၅၀ အကွာအဝေးအတွင်းမှ ဖြတ်သန်းခုတ်မောင်းခဲ့သဖြင့် အမေရိကန် ဖျက်သင်္ဘောက အရှိန်လျှော့မောင်းခဲ့ရ ပြီး ယင်းသည် ရက်ပိုင်းအတွင်း အမေရိကန်နှင့် တရုတ်တပ်ဖွဲ့ဝင်များအကြား ပဋိပက္ခကြီး တစ်ခု ဖြစ်လုဖြစ်ခင် အခြေအနေဆီသို့ ဒုတိယအကြိမ် ရောက်ရှိခဲ့ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့်လနှောင်းပိုင်းကလည်း တရုတ်ဂျက်တိုက်လေယာဉ်တစ်စင်းသည် တောင်တရုတ်ပင်လယ်ပေါ်တွင် ပျံသန်းနေ သည့် အမေရိကန်စစ်လေယာဉ်တစ်စင်းရှေ့ မှ ဖြတ်ပျံခဲ့သည့်အတွက် အမေရိကန်က ပြစ် တင်ဝေဖန်ခဲ့သည်။

တရုတ်၏ရန်လိုမှု မြင့်တက်လာသည်ဟု ဇွန် ၃ ရက် ဖြစ်စဉ်အပြီးတွင် အိမ်ဖြူတော်က စွပ်စွဲပြောဆိုခဲ့သည်။ နိုင်ငံတကာရေပိုင်နက် တွင် အမေရိကန်၏ ယင်းသို့စစ်ရေးလှုပ်ရှား မှုမျိုးသည် အန္တရာယ်ကို တမင်နှိုးဆွနေခြင်း ဖြစ်သည်ဟု တရုတ်က တုံ့ပြန်ခဲ့သည်။ 

အမေရိကန်နှင့် တရုတ်စစ်တပ်အကြား အနီးကပ်ထိပ်တိုက်တွေ့မှုများသည် အနာ ဂတ်တွင်လည်း ထပ်မံဖြစ်ပွားနိုင်ဖွယ်ရှိနေ သည်။

တရုတ်၏တန်ပြန်မှု

သမ္မတရှီကျင်းပင်လက်ထက်တွင် တရုတ်သည် ငြိမ်းချမ်းသောကာလတွင် သမိုင်း တစ်လျှောက် အကြီးမားဆုံးသော စစ်ရေး အင်အားတည်ဆောက်မှုတစ်ခုကို စတင်ခဲ့ သည်ဟု အမေရိကန်အစိုးရတာဝန်ရှိသူများ က ပြောဆိုထားသည်။ 

တရုတ်သည် ၎င်း၏ကြီးထွားလာသော စစ်ရေးစွမ်းရည်နှင့် စီးပွားရေးအင်အားကို အသုံးချလျက် အာရှဒေသတွင် အမေရိကန် ၏ ဆယ်စုနှစ်များနှင့်ချီကာ စစ်ရေးအရ လွှမ်းမိုးမှုကို တန်ပြန်ရန် ကြိုးပမ်းလျက်ရှိသည်။ တရုတ်က မိမိတို့သည် တည်ငြိမ်အေးချမ်းမှု အတွက် အင်အားဖြစ်သည်ဟု ကိုယ့်ကိုယ် ကိုယ်ခံယူထားပြီး အမေရိကန်ကိုမူ ဒေသ တွင်းအရေး၌ ပြင်ပမှ ကြားဝင်စွက်ဖက်နေ သူအဖြစ် ရှုမြင်ထားသည်။

တင်းမာမှုများဖြစ်ပွားရသည့် အရင်းခံ အကြောင်းရင်းတစ်ရပ်မှာ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ထိုင်ဝမ်ရေလက် ကြားနှင့် တောင်တရုတ်ပင်လယ်တို့မှ ၎င်းင်းတို့ ရေတပ်သင်္ဘောများကို ဖြတ်သန်းခုတ်မောင်း စေသည့် လွတ်လပ်စွာ ပင်လယ်ရေကြောင်း ကင်းလှည့်လည်မှုများပင်ဖြစ်သည်။

နိုင်ငံတကာရေပိုင်နက်တွင် နိုင်ငံအား လုံး ဖြတ်သန်းသွားလာနိုင်သည့် အခွင့်အရေး ကို ကာကွယ်ရန် ယင်းသို့ကင်းလှည့်လည်မှု များ ပြုလုပ်ရခြင်းဖြစ်ကြောင်း အမေရိကန်က ပြောကြားထားသည်။

တရုတ်ကထိန်းချုပ်ထားသော၊ ၎င်းတို့ ပိုင်ဆိုင်သည်ဟု အခိုင်အမာဆိုထားသော သို့တည်းမဟုတ် စစ်ဘက်အဆောက်အအုံ များ တည်ဆောက်ထားသော ကျွန်းများတည် ရှိရာ တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ် ရေလက်ကြားမှ အမေရိကန်စစ်သင်္ဘောများ နှင့် လေယာဉ်များဖြတ်သန်းမှုကို တရုတ်က အပြစ်တင်လေ့ရှိပြီး တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော် (PLA) ၏ ရေတပ် ကလည်း အမေရိကန်စစ်သင်္ဘောများနောက် သို့ ခြေရာခံလိုက်လေ့ရှိသည်။

ပြည်ပနိုင်ငံများမှ စစ်သင်္ဘောများနှင့် စစ်လေယာဉ်များကို ပိုမိုရန်လိုစွာ တုံ့ပြန်ရန် တရုတ်စစ်တပ်၏ တပ်မှူးများကို တိုက်တွန်း ထားပုံရသည်ဟု အကဲခတ်အချို့က ဆိုသည်။

“အခွင့်ကြုံလာပါက ပိုပြီးပြင်းပြင်းထန် ထန်နဲ့ ရန်လိုစွာတုံ့ပြန်ဖို့ တပ်ရင်းတပ်ဖွဲ့အ လိုက် တိုက်တွန်းမှုတွေရှိပြီး တရုတ်စစ်တပ် ရဲ့ တပ်မှူးတွေကို မက်လုံးပေးထားတဲ့ အစီအ စဉ်တွေတောင် ရှိနိုင်တယ်လို့ ယူဆမိတယ်”ဟု သြစတြေးလျမဟာဗျူဟာမူဝါဒရေးရာ အင်စတီကျုမှ ကာကွယ်ရေးဆိုင်ရာကျွမ်း ကျင်သူ ဂျနီဖာပါကားက ဆိုသည်။ 

ဖေဖော်ဝါရီလက တောင်တရုတ်ပင် လယ်တွင် တရုတ်ကမ်းခြေစောင့်တပ်သင်္ဘော က ဖိလစ်ပိုင်သင်္ဘောတစ်စင်းကို စစ်ဘက်သုံး လေဆာရောင်ခြည်ဖြင့်ထိုးမှုဖြစ်ပွားခဲ့ပြီး ပြီး ခဲ့သည့်လကလည်း တရုတ်၏ စူးစမ်းလေ့လာ ရေးသင်္ဘောများကို ၎င်းင်း၏ရေပိုင်နက်ထဲမှ ထွက်ခွာရန် ဗီယက်နမ်က တောင်းဆိုခဲ့သည်။ ယင်းဖြစ်စဉ်နှစ်ခုစလုံးသည် ဥပဒေနှင့်အညီ ဖြစ်ပြီး ပုံမှန်လုပ်ရိုးလုပ်စဉ်သာဖြစ်ကြောင်း တရုတ်က ဆိုသည်။

တရုတ်စစ်တပ်၏ ယင်းသို့ချဉ်းကပ်ပုံ သည် စစ်ရေးပဋိပက္ခအသွင် ရောက်ရှိသွား နိုင်သည့် ပြဿနာတစ်ရပ် ဖြစ်လာနိုင်ခြေကို မြင့်တက်စေသည်ဟု အမေရိကန်အကြံပေး ပညာရှင်အဖွဲ့ RAND Corporation မှ အ ကြီးတန်း လေ့လာသုံးသပ်သူ ဒဲရက်ခ် ဂရော့စ် မန်းက ပြောကြားသည်။ 

“အမေရိကန်နဲ့ တရုတ်ကို စစ်ပွဲ ဒါမှမ ဟုတ် အလားတူအခြေအနေကို ဦးတည်စေ နိုင်တဲ့ ဖြစ်နိုင်ခြေအများဆုံးအခြင်းအရာက တော့ တရုတ်က ပိုင်နက်အငြင်းပွား တောင် တရုတ်ပင်လယ်ထဲက နေရာတစ်နေရာကို သိမ်းယူတာ ဒါမှမဟုတ် ထိုင်ဝမ်ကို တိုက်ခိုက် တာပဲဖြစ်တယ်”ဟုလည်း ၎င်းက ဆိုသည်။

ထိပ်တိုက်တွေ့မှုလမ်းကြောင်းဆီသို့ ဦးတည်နေသလော

အခြေအနေကို ပိုဆိုးရွားစေသည့်အ ချက်မှာ အမေရိကန်နှင့် တရုတ်တို့သည် ပြ ဿနာအရင်းအမြစ်ကို ရှုမြင်ပုံချင်း လုံးဝဆန့် ကျင်ကွဲလွဲနေခြင်းဖြစ်သည်။ အမေရိကန်က တရုတ်သည် ထိုင်ဝမ်ကို အင်အားပြ ခြိမ်း ခြောက်၍လည်းကောင်း၊ သယံဇာတအရင်း အမြစ် ပေါကြွယ်ဝသည့် တောင်တရုတ်ပင် လယ် နယ်မြေပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ လည်းကောင်း ရှိရင်းစွဲအခြေအနေကို ပျက် ပြားအောင် လုပ်ဆောင်နေသည်ဟု ရှုမြင် ထားသည်။ 

သို့ဖြစ်ရာ အမေရိကန်၏ တုံ့ပြန်မှုသည် တရုတ်အနီးတွင် လေယာဉ်ပျံသန်းခြင်းနှင့် သင်္ဘောခုတ်မောင်းခြင်းတို့ လုပ်ဆောင်ခွင့်ရှိ သည်ဟူသောအချက်ကို ဆက်လက်ကျင့်သုံး ရန်ပင်ဖြစ်သည်။

တရုတ်၏အာဏာရ ကွန်မြူနစ်ပါတီ ကမူ အမေရိကန်၏ လုပ်ရပ်များသည် ရန်စ ခြင်းဖြစ်ပြီး အမေရိကန်၏ စစ်ရေးအရ စိုးမိုး ခြယ်လှယ်ရန် ကြိုးပမ်းမှုသည် ဒေသတွင်း၌ ဖြစ်လာနိုင်သော အန္တရာယ်များ၏ အ ကြောင်း ရင်းမှန်ဖြစ်သည်ဟု ယုံကြည်နေ ကြောင်း ပရင်စ်တန်တက္ကသိုလ် ပြည်သူ့ရေး ရာနှင့် နိုင်ငံတကာရေးရာ ပညာရှင် ထုံ ကျောက်က သုံးသပ်ခဲ့သည်။

“ဒါကြောင့် တရုတ်အနေနဲ့ အမေရိကန် ရဲ့ ရန်လိုတဲ့အပြုအမူတွေကို ထိပ်တိုက်ရင် ဆိုင်ဖို့နဲ့ ထိပ်တိုက်တွေ့လာမှုတွေအပေါ် အ မေရိကန်ဘက်က အမှန်တကယ်စိုးရိမ်လာ အောင် လုပ်ဆောင်နိုင်မယ့်  စစ်ရေးအစီအမံ တွေကို တိုးမြှင့်ခြင်းကသာ အန္တရာယ်ကို လျှော့ချနိုင်မယ်လို့ ယူဆနေတာဖြစ်တယ်”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အပြန်အလှန်ဆက်သွယ်မှုမရှိ

နောက်ထပ်ပြဿနာတစ်ရပ်မှာ အမေရိ ကန်နှင့် တရုတ်စစ်တပ်အကြား ခိုင်မာစိတ်ချ ရသော ဆက်သွယ်ရေးလမ်းကြောင်းများ မ ရှိခြင်းဖြစ်သည်။

မတော်တဆမှုများမှ စစ်ရေးတင်းမာမှု အဆင့်သို့ ရောက်ရှိနိုင်ခြေကို လျှော့ချရန် အမေရိကန်စစ်တပ်က တရုတ်စစ်တပ်နှင့် အဆင့်အသီးသီး၌ ဆက်သွယ်ရေးလမ်း ကြောင်းများ ဖွင့်လှစ်ရန် ကာလကြာမြင့်စွာ ကြိုးပမ်းခဲ့သည်။

သို့သော် တရုတ်ခေါင်းဆောင်များသည် သံတမန်ရေး တင်းမာနေသည့် ကာလများ၌ စစ်တပ်အချင်းချင်း ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ရာတွင် ကြန့်ကြာနေပြီး ယင်းတို့ ကို ရပ်ဆိုင်းရာတွင်မူ အလျင်စလို လုပ်တတ် သည်ဟု အမေရိကန်အစိုးရတာဝန်ရှိသူများ က ဆိုသည်။ 

ထိုစဉ်က အမေရိကန်အောက်လွှတ် တော်ဥက္ကဋ္ဌဖြစ်သည့် နန်စီပယ်လိုစီ ဖေဖော် ၀ါရီလထဲတွင် ထိုင်ဝမ်သို့ သွားရောက်ခဲ့ပြီး နောက် တရုတ်သည် ပင်တဂွန်နှင့် အဆင့်မြင့် စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများကို ရပ်ဆိုင်းခဲ့ သည်။ ထို့အတူ အမေရိကန်လေပိုင်နက်ထဲ သို့ရောက်လာသည့် တရုတ်မိုးပျံပူဖောင်းကို အမေရိကန်က ပစ်ချခဲ့ပြီးနောက်တွင်လည်း နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး နှစ်ဦးအကြား တယ်လီဖုန်းဖြင့် ဆွေးနွေးပြောဆိုရန် အမေရိ ကန်၏ တောင်းဆိုချက်ကို တရုတ်က ငြင်း ဆန်ခဲ့သည်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ပင်တဂွန်နှင့် ဆွေးနွေးရန် တောင်းဆိုမှု ၁၂ ကြိမ်ထက်မ နည်းနှင့် အလုပ်သဘောအဆင့် ဆွေးနွေးရန် တောင်းဆိုမှု ၁၀ ကြိမ်နီးပါးကို တရုတ်ဘက် က ငြင်းဆန်ခဲ့ (သို့တည်းမဟုတ်) တုံ့ပြန်ခြင်း မရှိခဲ့ကြောင်း အမည်မဖော်လိုသော အမေရိ ကန်ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်တာ ဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

ထိုသို့စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများ ကြောင့် အမေရိကန်က တရုတ်စစ်တပ်၏ လည်ပတ်လုပ်ဆောင်ပုံများအား ပိုမိုသိရှိသွား မည်ကို တရုတ်က စိုးရိမ်နေခြင်းဖြစ်သည်ဟု အကဲခတ်များက ဆိုသည်။ တရုတ်ခေါင်း ဆောင်များသည် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးကိစ္စရပ်များကိုသာ အဓိကဆွေးနွေး လိုဖွယ်ရှိသည်။

သို့သော် အန ္တရာယ်သည် စိတ်ကူးသက် သက်မျှသာမဟုတ်ပေ။ ၂၀၀၁ ခုနှစ်က အမေ ရိကန် ကင်းထောက်လေယာဉ်တစ်စင်းသည် တရုတ်ဂျက်တိုက်လေယာဉ်နှင့် ဝင်တိုက်မိပြီး နောက် ဟိုင်နန်ကျွန်းပေါ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရသည်။ ထိုဖြစ်စဉ်တွင် တရုတ် တိုက်လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့ပြီး တ ရုတ်အစိုးရက အမေရိကန်လေတပ်အမှုထမ်း ၂၄ ဦးကို ၁၁ ရက်ကြာ ထိန်းသိမ်းခဲ့ကာ အမေ ရိကန်အစိုးရဘက်က အနူးအညွတ်တောင်း ပန်သည့် စာတစ်စောင်ပေးပို့ပြီးမှသာ တရုတ် က ၎င်းင်းအမှုထမ်းများကို ပြန်လွှတ်ပေးခဲ့သည်။  

 

--------