ရုရှားကျူးကျော်မှုကို တွန်းလှန်ရာတွင် အကူအညီဖြစ်စေရန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ယူကရိန်းထံ လက်နက်ကြီးကျည်ဆန် ၂၂၀,၀၀၀ ပေးပို့

ရုရှားကျူးကျော်မှုကို တွန်းလှန်ရာတွင် အကူအညီဖြစ်စေရန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ယူကရိန်းထံ လက်နက်ကြီးကျည်ဆန် ၂၂၀,၀၀၀ ပေးပို့
မေလ ၂၃ ရက်သတင်းစာရှင်လင်းပွဲတွင် ဂျိုးဆက်ဘော်ရယ် ရှင်းလင်းပြောကြားနေသည်ကို တွေ့ရစဉ် (Photo – AFP)
မေလ ၂၃ ရက်သတင်းစာရှင်လင်းပွဲတွင် ဂျိုးဆက်ဘော်ရယ် ရှင်းလင်းပြောကြားနေသည်ကို တွေ့ရစဉ် (Photo – AFP)
Published 25 May 2023
Ref: AFP

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ(အီးယူနိုင်ငံများ) သည် ရုရှားကျူးကျော်မှုကို ယူကရိန်းတွန်းလှန်ရာတွင် အကူအညီဖြစ်စေရေးအတွက် လွန်ခဲ့သော နှစ်လတွင် စတင်ခဲ့သည့်အထင်အက အစီအမံအရ ယူကရိန်းထံ လက်နက်ကြီးကျည်ဆံ ၂၂၀,၀၀၀ ပံ့ပိုးထားသည်ဟု မေလ ၂၃ ရက်တွင်အီးယူနိုင်ငံခြားရေးမူဝါဒအကြီးအကဲက ပြောကြားသည်။

ယင်းအစီအစဉ်အရ အီးယူနိုင်ငံများသည် ဒုံးကျည် ၁,၃၀၀ ကိုလည်း ပေးပို့ထားသည်ဟု ဂျိုးဆက်ဘော်ရယ်က ပြောကြားသည်။ တစ်နှစ်အတွင်း ခဲယမ်းကျည် တစ်သန်းပ့ံပိုးမှု အောင်မြင်ရန် အီယူနိုင်ငံအချို့က ထောက်ခံချက်မပေးသည့်တိုင် အီးယူသည် ခဲယမ်းကျည် တစ်သန်း ပံ့ပိုးပေးမည့် ရည်မှန်းချက် ပြည့်မီရန် ရှိနေသည်ဟုဆိုသည်။

“လာမယ့်ရက်တွေ၊ သီတင်းပတ်တွေ၊ လတွေဟာ ယူကရိန်းစစ်ပွဲမှာ မဟာဗျူဟာအရ အဆုံးအဖြတ် ဖြစ်လာဖို့ရှိနေပါတယ်”ဟု ဘရပ်ဆဲလ်မြို့တွင်ပြုလုပ်သည့် အီးယူကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ဘော်ရယ်က သတင်းထောက်များကို ပြောကြားခဲ့ပြီး ပံ့ပိုးပေးသည့် အရေအတွက်ကိုလည်း ပြောကြားခဲ့သည်။

ရုရှားနှင့် စစ်ဖြစ်နေသော ယူကရိန်းကိုလည်း အကျိုးအမြတ်ရှိစေရန်လည်းကောင်း ဥရောပသမဂ္ဂ၏ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အရည်အချင်းများ တိုးတက်စေရန်လည်းကောင်း ကြိုးပမ်းသည့်အနေအဖြင့် ဥရောပသမဂ္ဂ(အီးယူ)သည် ခဲယမ်းကျည် အကြီးစား ထုတ်လုပ်မှုကို မြှင့်တင်ရန် လောလောလတ်လတ်အစီအစဉ်များကို မေလ ပထမသီတင်းပတ်အတွင်းတွင် ကြေညာခဲ့သည်။

ဆယ်စုနှစ်များစွာ ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့ပြီး နေတိုးမဟာမိတ်အဖွဲ့မှတစ်ဆင့် အမေရိကန်၏ စစ်ရေးအကာအကွယ်ကိုရရှိနေသည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ခဲယမ်းကျည်ထုတ်လုပ်မှုအပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု အလွန်ပင်လျော့နည်းခဲ့သည်။ အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သောအီးယူသည် ၎င်း၏တံခါးဝတွင် စစ်ပွဲဖြစ်ပွားနေသောကြောင့် ယခုအခါ ခဲယမ်းကျည်ကို စံချိန်တင်နှုန်းဖြင့် ထုတ်လုပ်ရန် ဆန္ဒပြင်းပြလျက်ရှိသည်။

အနည်းဆုံး ယူရို နှစ်ဘီလျံရှိသော အီးယူအစီအမံသည် အင်္ဂါရပ်သုံးခုဖြင့်ဖွဲ့စည်းထားပြီး အင်္ဂါရပ်အားလုံးကို ငွေကြေးဆိုင်ရာ မက်လုံးများဖြင့် ချည်နှောင်ထားသည်။ ပထမဆုံး အင်္ဂါရပ်နှစ်ခုသည် ဥရောပငြိမ်းချမ်းရေးအင်္ဂါရပ်ဟု အမည်ပေးထားသော ရန်ပုံငွေကို အသုံးပြု၍ ယူကရိန်းထံ ပေးပို့သော လက်နက်များနှင့် ခဲယမ်းများအတွက် တစ်စိတ်တစ်ပိုင်း ငွေပြန်အမ်းခြင်းဖြစ်သည်။

ယူကရိန်းကို ခဲယမ်းကျည်များပံ့ပိုးပေးခြင်းနှင့် အီးယူအဖွဲ့ဝင်နိုင်ငံများတွင် ခဲယမ်းများ ပြန်လည်ဖြည့်တင်းခြင်းဆိုသော ရည်ရွယ်ချက်ဖြင့် ခဲယမ်းကျည်ထုတ်လုပ်မှု ထောက်ပံ့ရေးအက်ဥပဒေ (Act in support of Ammunition) ကိုငွေကြေးပံ့ပိုးရန် အနည်းဆုံး ယူရိုဒေါ်လာတစ်ဘီလျံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ) အသုံးပြုမည်ဖြစ်သည်။

အစီအမံ၏ ပထမအင်္ဂါရပ်မှာ သိုလှောင်ခဲယမ်းများထဲမှ ခဲယမ်းများပေးပို့ရန် အီးယူနိုင်ငံများကို တွန်းအားပေးခြင်းဖြစ်သည်။

အစီအစဉ် ပထမအစိတ်အပိုင်းအဖြစ် လက်နက်ကြီးကျည်ဆန် ၂၂၀,၀၀၀ ကို ပံ့ပိုးသည်ဟု ဘော်ရယ်က ထုတ်ဖော်ပြောကြားသည်။

Most Read

Most Recent