ထိုင်းမဲဆန္ဒရှင်များက ရှင်နာဝပ် တတိယမျိုးဆက်ကို အာဏာပြန်ရစေမှာလား

ထိုင်းမဲဆန္ဒရှင်များက ရှင်နာဝပ် တတိယမျိုးဆက်ကို အာဏာပြန်ရစေမှာလား
Published 29 April 2023
ခက်ဝေ

အာဏာသိမ်းကာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ဖြုတ်ချလိုက်ပြီးသည့်နောက် ၁၇ နှစ်အကြာ သက်ဆင်၏အငယ်ဆုံးသမီး ပယ်ထုံတန်ရှင်နာဝပ် (အသက် ၃၆ နှစ်) က လတ်တလောလများ အတွင်း လူထုသဘောထား စစ်တမ်းကောက် ယူမှုများတွင် ဝန်ကြီးချုပ်နေရာအတွက် ရှေ့ ပြေးဖြစ်နေသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံးအတိုက်အခံပါတီဖြစ်သည့် ဖြူထိုင်းပါတီက လာမည့် ရွေးကောက်ပွဲအတွက်  ပယ်ထုံတန်အပါအဝင် ကိုယ်စားလှယ်လောင်းသုံးဦးရွေးချယ်ထား ပြီး ပါတီကိုယ်တိုင်ကလည်း မေ ၁၄ ရက် အထွေထွေရွေးကောက်ပွဲတွင်  အမတ်နေရာ အများစု အနိုင်ရရန် မျှော်လင့်ချက်ရှိနေသည်။သက်ဆင်၏ညီမ၊ ပယ်ထုံတန်၏အ‌ဒေါ်  ယင် လက် ရှင်နာဝပ်က ဝန်ကြီးချုပ်တာဝန်ကို ၂၀၁၄ ခုနှစ်တွင် နုတ်မထွက်မီအထိ ထမ်း ဆောင်ခဲ့ပြီး ၎င်းင်း နုတ်ထွက်ချိန်သည် စစ် အာဏာသိမ်းမှုမတိုင်မီ သီတင်းပတ်နှစ်ပတ် အလိုတွင်ဖြစ်သည်။

အစိုးရဆန့်ကျင်ရေး သဘောထားများ ပျံ့နှံ့နေ

ထိုင်းနိုင်ငံရှိ လူအများစုက ရှိရင်းစွဲ နိုင် ငံရေးအခြေအနေကို သဘောမကျကြပေ။ဘန်ကောက်နှင့် ပြည်နယ်များရှိ မြို့ပြဧရိယာ များတွင် မဲဆန္ဒရှင်အများစုက အစိုးရအ ပြောင်းအလဲတစ်ရပ်ကို လိုလားနေကြောင်း  စစ်တမ်းတွင် တွေ့ရှိရသည်။

သို့သော် စစ်တမ်းများက စစ်တမ်း ကောက်ခံသူများနှင့် အလွယ်တကူ ထိတွေ့ နိုင်သည့် မြို့ပြအရပ်နေထိုင်သူများ၏ သ ဘောထားများကိုသာ ထင်ဟပ်ပြပုံရှိပြီး များ သောအားဖြင့် မြို့ပြမဟုတ်သည့် နေရာများမှ မဲဆန္ဒရှင်များနှင့် ကင်းလွတ်နေတတ်သည်။

ထိုင်းရှိ ၀ါရင့်နိုင်ငံရေးသမားများသည် ရွေးကောက်ပွဲနိုင်ရန်  သြဇာတိက္ကမကြီးသည့် မိသားစုများ၏ အားပေးမှုအထောက်အပံ့ များပေါ် အများဆုံးမှီခိုနေရပြီး ပါတီအမည်၊ ပါတီပေါ်လစီနှင့် ပါတီခေါင်းဆောင်ပိုင်း၏ဂုဏ်သိက္ခာတို့က အဓိက ဦးစားပေးမဟုတ် ပေ။

ဖြူထိုင်းပါတီ၏ အမာခံမြေ ၊ သက်ဆင် ရှင်နာဝပ်၏မွေးရပ်ဖြစ်သည့် ချင်းမိုင်၌ပင် အမတ်နေရာအားလုံး အနိုင်ရရှိရေးမှာ သေ ချာသည်ဟု မဆိုနိုင်ပေ။ ‘ရှေ့သို့လှမ်းချီ’ အ တိုက်အခံပါတီက ဘန်ကောက်တွင် လက်ရှိ ရေပန်းစားနေပြီး ဖြူထိုင်းပါတီထက်ပင်  အ မတ်နေရာ ပိုမိုရရန် အလားအလာကောင်း နေပြန်သည်။

သောင်ပြိုကမ်းပြို အနိုင်မရခဲ့လျှင်

ရွေးကောက်ပွဲတွင် ဖြူထိုင်းပါတီက အပြတ်အသတ်မနိုင်ခဲ့ပါက ပါတီအနေဖြင့် မရေရာလှသည့်အခြေအနေသို့ ဆိုက်သွား လိမ့်မည်။ ဧပြီလက ထွက်လာသည့် NIDA စစ်တမ်းနှင့်  The Nation စစ်တမ်းတို့ကို အခြေခံရလျှင် ဖြူထိုင်းပါတီက အောက် လွှတ်တော်အမတ်နေရာ ၂၄၀ ထက် ပိုပြီး ရရှိနိုင်ရန် အခွင့်အလမ်းမရှိပေ။ ယင်းအရေ     အတွက်သည် အမတ်နေရာ ၅၀၀ ရှိသည့် အောက်လွှတ်တော်တွင် အနိုင်ရရန်လိုသည့် အနည်းဆုံးသတ်မှတ်ဦးရေထက် ၁၁ နေရာ လိုနေသေးသည်။

ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းမည် ဆိုလျှင် မဟာမိတ်အတိုက်အခံပါတီဖြစ်သည့် ‘ရှေ့သို့လှမ်းချီ’ပါတီ၏ အားပေးမှုလည်း လို အပ်ပြီး အပြန်အလှန်အားဖြင့် ဖြူထိုင်းပါတီ ကလည်း ‘ရှေ့သို့လှမ်းချီ’ပါတီ၏ အကဲဆတ် သည့် ပေါ်လစီ ခြေလှမ်းအချို့ (ဥပမာ-ဘုရင် စနစ် ပြုပြင်ပြောင်းလဲရေးကဲ့သို့မျိုး) ကို လက်ခံ ရပေလိမ့်မည်။

ထိုသို့မဟုတ်လျှင်လည်း ဖြူထိုင်းပါတီက အစိုးရပါတီအချို့နှင့်လက်တွဲကာ အစိုးရက မောက်ကမဖြစ်မည့်အရေးကို ရှောင်လွှဲနိုင် သည်။ သို့သော် ထိုလမ်းကို ရွေးလျှင် (အစိုးရ ကို ဆန့်ကျင်သည့်) ၎င်းတို့ကို ထောက်ခံသူ အများစုနှင့် လက်တွဲပြုတ်သွားနိုင်သည်။ 

ထိုအခြေအနေမျိုးကို ၂၀၁၉ အထွေ ထွေရွေးကောက်ပွဲပြီးသည့်နောက် ဖြူထိုင်း ပါတီ ကြုံခဲ့ရပြီးဖြစ်သည်။ ထိုစဉ်က ဖြူထိုင်း ပါတီသည် အမတ်နေရာအများဆုံး (၁၃၆ နေရာ) အနိုင်ရခဲ့သော်လည်း ခုနစ်ပါတီ ညွန့် ပေါင်းဖွဲ့သည့်တိုင် အောက်လွှတ်တော်အ မတ် ၂၄၅ နေရာသာ ရခဲ့သည်။ထို့ကြောင့် ၁၉ ပါတီညွန့်ပေါင်းဖြင့် ပါလန်ပရာချရတ် ပါတီက ဦးဆောင်ကာ အမတ် ၂၅၄ နေရာရ ပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။

ဝန်ကြီးချုပ်ရွေးချယ်ရေးနှင့် အထက်လွှတ်တော်အမတ်များ၏ အဓိကကျမှု

မေ ၁၄ ရက် ရွေးကောက်ပွဲတွင် အနိုင် ရရုံဖြင့် ဖြူထိုင်းပါတီအဖို့ ပယ်ထုံတန်ကို ဝန်ကြီးချုပ်နေရာ အ‌ရောက်ပို့ရန် လုံလောက် ဦးမည်မဟုတ်။ အောက်လွှတ်တော်နှင့်    အ ထက်လွှတ်တော်နှစ်ခုပေါင်း  ၃၇၆ မဲ အနည်း ဆုံး ရရန်လိုသည်။

အထက်လွှတ်တော်အမတ်အများစုက ဝန်ကြီးချုပ်နေရာအတွက် ပယ်ထုံတန် သို့ မဟုတ် ဖြူထိုင်းပါတီမှ နောက်ကိုယ်စား လှယ်လောင်းနှစ်ဦးကိုပါ ထောက်ခံလိမ့် မည် မဟုတ်။ ဖြူထိုင်း၏နောက်ကိုယ်စားလှယ် လောင်းနှစ်ဦးက အိမ်ခြံမြေသူဌေး   ဆယ်သာ ထဝီဆင်နှင့်  ၀ါရင့်ရှေ့နေ ချိုင်ကဆင်နီသီစီရီ ဆိုသူတို့ ဖြစ်သည်။ အထက်လွှတ်တော်အ မတ်အများစုက ဝန်ကြီးချုပ်ပရာယွတ်ချန် အိုချာ (ယူနိုက်တက်ထိုင်းနေးရှင်းပါတီသစ် သို့  ကူးပြောင်းထားသူ) သို့မဟုတ် ထိုင်းဒုတိ ယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာဝတ် ဝုန်ဆူ ဝမ် (ပါလန်ပရာချရတ်ပါတီခေါင်းဆောင်) တို့ကိုသာ ထောက်ခံမည့်ပုံရှိသည်။ ဖြူထိုင်းပါ တီက ၃၇၆ မဲဖြင့် ပယ်ထုံတန်ကို ဝန်ကြီးချုပ် ဖြစ်လာအောင် အခြားသောအတိုက်အခံပါ တီများ၊ အဓိကကျသည့်အစိုးရပါတီများ၏ ထောက်ခံမှု လိုအပ်သည်။

သက်ဆင်၏ အိပ်မက်

သက်ဆင်ရှင်နာဝပ်က မေအထွေထွေ ရွေးကောက်ပွဲတွင် ဖြူထိုင်းပါတီ သောင်ပြို ကမ်းပြို အနိုင်ရရေးအပေါ် မျှော်လင့်ချက်ကြီး ကြီးထားပုံရသည်။ သို့မှသာ ပြည်ပတွင် သွား ရောက် နေထိုင်နေရသည့်ဘဝမှ အမိတိုင်း ပြည်ကို ပြန်လာနိုင်မည့် ၎င်းင်း၏အိပ်မက် အမှန် တကယ်ဖြစ်လာနိုင်မည်ဖြစ်သည်။

သက်ဆင်သည် ၂၀၁၁ အထွေထွေရွေး ကောက်ပွဲတွင် ဖြူထိုင်းပါတီ ကိုယ်စားပြု အဖြစ် ယင်လက်ကို ရွေးချယ်ခဲ့ရာတွင် အခ ရာဖြစ်သည်။  ယခုတစ်ကြိမ်တွင်လည်း ၎င်းင်း ၏မျိုးဆက် ပယ်ထုံတန်ကို ရှေ့ထုတ်ထား သည်။ သို့သော် သက်ဆင်က သမီးဖြစ်သူ ပယ်ထုံတန် သို့မဟုတ် ဖြူထိုင်းပါတီအတွက် ကြိုးစားပေးနေသည့် အထင်အမြင်မျိုး မခံရ အောင်လည်း ကြိုးစားနေသည်။

သက်ဆင်သည် လူမှုကွန်ရက် အက် ပလီကေးရှင်းတစ်ခုဖြစ်သည့် clubhouse တွင် tony woodsome ဆိုသည့်နာမည်ဖြင့် အပတ်စဉ်အင်္ဂါနေ့တိုင်း ဆွေးနွေးပြောကြားမှု များ ရှိသော်လည်း ယခုမူ ရွေးကောက်ပွဲနှင့် ကင်းအောင်နေသည့်သဘောဖြင့် ထိုဆွေး နွေးမှုကို ရပ်ထားသည်။ ၎င်းင်းအနေဖြင့် ဖြူ ထိုင်းပါတီ ဖျက်သိမ်းခံရမည့်အရေး ဆိုက် လာစေနိုင်သည့် မည်သည့်အမှားမျိုးကိုမျှ မပြုမိအောင် သတိထားနေရသည်။

အသက် ၇၃ နှစ် ရှိပြီဖြစ်သည့် ဘီလျံ နာသက်ဆင်သည် ထိုင်းမျက်မှောက်ခတ်တွင်  လွှမ်းမိုးမှုအကြီးဆုံးနှင့် အငြင်းပွားဖွယ် အ ကောင်းဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်ပြီး  ထိုင်းဘုရင်စနစ်ကို ထောက်ခံသူ စစ်တပ် အထက်တန်းလွှာက ၎င်းကို မနှစ်မြို့ပေ။ ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုတွင် ဝန်ကြီးချုပ် အဖြစ်မှ ဖြုတ်ချခံရပြီးနောက်ပိုင်း (၎င်းအခေါ် နိုင်ငံရေးသက်သက် ရည်ရွယ်လုပ် ဆောင်သည့်) အဂတိလိုက်စားမှုစွဲချက်များ နှင့် မရင်ဆိုင်ရအောင် ဒူဘိုင်းတွင်  ရှောင် နေလျက်ရှိသည်။ သမီးဖြစ်သူပယ်ထုံတန်ရှင် နာဝပ်က ကြော့ကြော့မော့မော့ ဝတ်စားသွား လာတတ်ပြီး အင်စတာဂရမ်တွင် ဖော်လိုဝါ ငါးသိန်း ရှိသည်။ကိုယ်ဝန်ရှစ်လဖြစ်နေသော် လည်း မဲဆွယ်ပွဲများတွင် တက်ကြွနေဆဲဖြစ်ပြီး ယခုပြိုင်ပွဲကို အားရသည်ဟု ပယ်ထုံတန်က ဆိုသည်။

ဧပြီအတွင်းက ပြုလုပ်ခဲ့သည့် မဲဆွယ် စည်းရုံးပွဲတစ်ခုတွင် ပယ်ထုံတန်က ၎င်းင်းတို့ ဖြူထိုင်းပါတီ၏မျှော်လင့်ချက်က ပြည်သူကို အလုပ်အကျွေးပြုမည့် အစိုးရဖွဲ့ရေး ဖြစ် ကြောင်း ပြောကြားထားသည်။

သို့သော် ဖြူထိုင်းတစ်ခုတည်း၏အားဖြင့် နိုင်လိမ့်မည်မဟုတ်ဘဲ ပြည်သူကလည်း အတူ တကွ ပါဝင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူက ၎င်းင်းတို့အနာဂတ်အတွက် ဖြူထိုင်း ပါတီကို မဲပေးထောက်ခံသင့်ကြောင်းလည်း ပြောခဲ့သည်။လူထုသဘောထားစစ်တမ်းများ တွင် ဖြူထိုင်းက အလားအလာကောင်း ပြနေ သည့်တိုင် ၂၀၁၇ ခုနှစ်တွင် စစ်တပ်က ရေးဆွဲ ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ် ကျောထောက်နောက်ခံပြု ကိုယ်စားလှယ် လောင်းများကသာ အလေးသာလေ့ရှိသည့် အတွက် ဝန်ကြီးချုပ်နေရာကို ဖြူထိုင်းက လက်လှမ်းမီရန်မှာ မလွယ်ကူလှ။

သက်ဆင်၏သားသမီးသုံးဦးအနက် အငယ်ဆုံးဖြစ်သည့် ပယ်ထုံတန်ရှင်နာဝပ် သည်  ထိုင်းနှင့် ဗြိတိန်တွင် ပညာဆည်းပူးထား သူဖြစ်ပြီး ထိုင်းနိုင်ငံရေးလောကသို့ ခြေမချမီ မိသားစုပိုင် အိမ်ခြံမြေလုပ်ငန်းမှ ဟိုတယ်လုပ် ငန်းကို တာဝန်ယူစီမံခဲ့သည်။     

REF: CNA

Most Read

Most Recent