ပရီးမီးယားလိဂ်မှာ နည်းပြတွေ စံချိန်တင်ထုတ်ပယ်ခံရတာ ဘာကြောင့်လဲ

ပရီးမီးယားလိဂ်မှာ နည်းပြတွေ စံချိန်တင်ထုတ်ပယ်ခံရတာ ဘာကြောင့်လဲ
Photo: Getty Images
Photo: Getty Images
Published 26 April 2023
AK

၂၀၂၂- ၂၃ ရာသီဟာ ပရီးမီးယားလိဂ်နည်းပြတွေအတွက် ရက်စက်တဲ့ရာသီပါပဲ။ တစ်ရာသီအတွင်းမှာ နည်းပြ (၁၃)ဦးအထိ စံချိန်တင်လမ်းခွဲခဲ့ရပါတယ်။ ဂရေဟမ်ပေါ်တာဆိုရင် တစ်ရာသီအတွင်းမှာ ထူးထူးခြားခြား နှစ်သင်းပြောင်းဆရာကြီး ဖြစ်ခဲ့တယ်။ ရာထူးကနေထုတ်ပယ်ခံရဖို့ အနီးစပ်ဆုံးအခြေအနေနဲ့ရင်ဆိုင်နေရပေမဲ့ အခုအချိန်အထိ ထုတ်ပယ်မခံရသူတွေလည်း ရှိနေဆဲပဲ။ နော်တင်ဟမ်ဖော်ရက်စ်နည်းပြ စတိဗ်ကူးပါးရယ်၊ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ်ရယ်ပေါ့။ ဒေးဗစ်မွိုက်စ်က အခုအချိန်မှာ ပြန်လည်တည်ငြိမ်နေသလို၊ ဥရောပအ ဆင့်မှာလည်း မျက်နှာပန်းလှနေပါတယ်။ စတိဗ်ကူးပါးကတော့ အရင်က စွမ်းဆောင်ခဲ့တာတွေ ထောက်ထားပြီး နော်တင်ဟမ်ဖောရက်စ်ပိုင်ရှင်က ခွင့်လွှတ်ပေးထားသလိုပဲ။ ယာယီနည်းပြနဲ့ စခန်းသွားနေတဲ့အသင်းတွေထဲ စပါး၊ ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ် Big Six စာရင်းဝင်တွေ ပါဝင်နေပြီး ဖျက်မြင်းတွေအဖြစ် ရပ်တည်ဖူးတဲ့ ခရစ္စတယ်ပဲလေ့စ်၊ လက်စတာ၊ ဆောက်သမ်တန်တို့လည်း ရှိနေတယ်။ ချယ်လ်ဆီးက ပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ်လက်ထက်မှာတောင် မဖြစ်ဖူးတဲ့ တစ်ရာသီအတွင်း နည်းပြအပြောင်းအလဲ နှစ်ကြိမ် ဖြစ်ခဲ့တယ်။ အခုလည်း (၄)ပွဲဆက်ရှုံးပြီး L4  နည်းပြ လမ်းပတ်ကို ချယ်လ်ဆီးဥက္ကဋ္ဌ တော့ဒ်ဘိုလီ ထုတ်ချင်နေဦးမယ် ထင်ပါရဲ့ ။ ရာသီကုန်အထိ ခန့်ထားပြီး မကောင်းတတ်လို့သာ သည်းခံနေရပုံပဲ။

 

Most Read

Most Recent