ဂွါဒီယိုလာနဲ့ ၂၄ နာရီ အတွေးလွန်ခြင်း

ဂွါဒီယိုလာနဲ့ ၂၄ နာရီ အတွေးလွန်ခြင်း
Photo: AFP
Photo: AFP
Published 26 April 2023
Chan Myae

ဂွါဒီယိုလာ ဘာကြောင့် အောင်မြင်သလဲ ဆိုရင်လည်း သူ အရမ်းထူးချွန်လို့ အောင်မြင်တာ၊ ဂွါဒီယိုလာ လိဂ်ပြိုင်ပွဲတွေမှာ ဘာကြောင့် ပိုအောင်မြင်သလဲဆိုရင် တခြားအသင်းတွေထက် ပိုပြီး အမှားနည်းအောင် တည်ဆောက်နိုင်လို့၊ ကစားသမားတွေဆီက စွမ်းဆောင်ရည်ကို ပိုပြီးညှစ်ထုတ်ယူနိုင်လို့ အောင်မြင်တာလို့ ပြောရမယ်။ ဂွါဒီယိုလာ ချန်ပီယံလိဂ်မှာ ဘာကြောင့် မအောင်မြင်တာလဲ၊ ဘာစီလိုနာနဲ့အတူ၊ မက်ဆီနဲ့အတူ ချန်ပီယံလိဂ်ဖလားတွေ ယူပြီးနောက် ဘာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးမှာ မရတော့တာလဲဆိုရင်တော့ ဖြေရတာခက်ပါတယ်။ မအောင်မြင်ဘူးဆိုတာ ဟုတ်ရဲ့ လားလို့ပဲ ပြန်မေးရမယ်။ ချန်ပီယံလိဂ်ဖလားတစ်လုံး လက်ထဲရောက်လာဖို့ဆိုတာ အခြေအနေတွေ အများကြီး တိုက်ဆိုင်ဖို့လိုတယ်ဆိုတာမျိုး။ ဒီမတ်တီယိုလို နည်းပြမျိုးက ဖလားသိမ်းနည်းပြစာရင်းထဲပါပေမဲ့ ဆာအဲလက်စ်ကျတော့ သူကြိုးစားခဲ့တဲ့နှစ်တွေနဲ့ ရတဲ့ဖလားကို အချိုးချကြည့်ရင် တော်တော်ကို ဆိုးတယ်။ တကယ်တော့ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲတွေနဲ့ ယဉ်ပါးအောင် စွမ်းဆောင်ထားပေးနိုင်ရင် ဒါဟာထိပ်တန်းစွမ်း ဆောင်ရည်လို့ ပြောလို့ရတယ်။ နောက်တစ်ချက်က ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ကြံကြံဖန်ဖန် အခြေအနေတွေသာ ကြုံရတွေ့ရတာ မများဘူးဆိုရင် ချန်ပီယံလိဂ်ဖလား နောက်ထပ်နှစ်လုံးလောက်တော့ ရနေလောက်မယ်ထင်တယ်။

 

Most Read

Most Recent