ချစ်ရေးဆိုရန် ရည်ရွယ်ချက်ဖြင့် ရီဟားနား၏အိမ်သို့ ရောက်လာသည့် လူစိမ်းအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရ

ချစ်ရေးဆိုရန် ရည်ရွယ်ချက်ဖြင့် ရီဟားနား၏အိမ်သို့ ရောက်လာသည့် လူစိမ်းအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရ
Photo: Page Six
Photo: Page Six
Published 27 March 2023

အဆိုတော်ရီဟားနား၏အိမ်သို့ လူစိမ်းအမျိုးသားတစ်ဦး ရောက်လာခဲ့သည့်အတွက် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ရသည်။ မတ် ၂၃ ရက်က အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူစိမ်းအမျိုးသားက အသက် ၃၅ နှစ်အရွယ်ရှိ ရီဟားနားကို ချစ်ရေးဆိုရန်ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ခြင်းဖြစ်သည်။

ယင်းအမျိုးသားသည် တောင်ကယ်ရို  လိုင်းနားပြည်နယ်မှ လော့စ်အိန်ဂျလိစ်ရှိ ရီဟားနား၏ Beverly Hills အိမ်လိပ်စာအတိုင်းရောက်လာခဲ့ပြီး ရီဟားနား၏လုံခြုံရေး အဖွဲ့က ၎င်းကို တားဆီးခဲ့သည်။

LA ရဲတပ်ဖွဲ့အတည်ပြုပြောကြားချက်အရ ၎င်းအမျိုးသားကို မတ် ၂၃ ရက်၊ နေ့ လယ် ၁၂ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခဲ့သည်။ ၎င်း၏ ရည်ရွယ်ချက်ကို ပြောပြပြီးနောက် လုံခြုံရေး အဖွဲ့က ရဲခေါ်လိုက်ခြင်းဖြစ်ပြီး ရဲများက ၎င်းကို ရဲကားထဲထည့်ကာ စစ်မေးခဲ့သည်။

သို့သော် မည်သည့်ဥပဒေကိုမှ မချိုးဖောက်ရသေးသည့်အတွက် ၎င်းကို စစ်ဆေးသည့်အဆင့်ဖြင့်သာ ပြီးသွားခဲ့ပြီး ပြန်လွှတ်ပေးလိုက်သည်။အခင်းဖြစ်ပွားချိန် နေအိမ်တွင် ရီဟားနား ရှိ၊မရှိကိုမူ မသိရပေ။

ယခုဖြစ်ရပ်သည် ရီဟာနား၏အိမ်သို့  ထင်မှတ်မထားသည့် လူစိမ်းများ ပထမဆုံးအကြိမ် ရောက်လာမှုမဟုတ်ပေ။၂၀၁၈ ခုနှစ်ကလည်း  အက်ဒူအာဒိုလီယွန်ဆိုသည့် အမျိုးသားတစ်ဦး Hollywood ရပ်ကွက်ရှိ ရီဟားနား၏အိမ်သို့ ခိုးဝင်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းအမျိုးသားက အိမ်ထဲတွင် ၁၂ နာရီကျော်ကြာ ပုန်းနေခဲ့သည်။

သို့သော် ထိုစဉ်က ရီဟားနားမြို့ပြင်သို့ ရောက်နေခဲ့သဖြင့် ကံကောင်းသွားခဲ့သည်။ ၎င်းကို  ရီဟားနား၏လက်ထောက်က ရှာတွေ့ခဲ့ပြီး ရဲကိုခေါ်လိုက်သည်။ ရဲတပ်ဖွဲ့က ၎င်းကို ချောင်းမြောင်းမှု၊ ဖောက်ထွင်းဝင်မှု၊ အဖမ်းအဆီးကိုခုခံမှုတို့ဖြင့် အမှုဖွင့်ခဲ့သည်။သို့သော်ခံဝန်ချုပ်ဖြင့် ပြန်လွှတ်ပေးလိုက်ပြီး စိတ်ကျန်းမာရေးပရိုဂရမ်တစ်ခုကို တက်စေခဲ့သည်။

အလားတူ ၂၀၁၅ ခုနှစ်ကလည်း ရီဟားနားကို အသက်အန္တရာယ်ခြိမ်းခြောက်စာများပို့ပြီး ရီဟားနားအိမ်ရှေ့တွင် ဆယ်လ်ဖီပုံများရိုက်ခဲ့သည့် အမျိုးသားကို အာဏာပိုင်များက စစ်ဆေးခဲ့ရသည်။ရီဟားနားသည် မနှစ်က မေတွင် ချစ်သူရက်ပ်အဆိုတော်အေဆက်ပ် ရော့ကီနှင့်ရသည့် သားဦးလေးကိုမွေးထားပြီး ယခု ဒုတိယကိုယ်ဝန်ကို လွယ်ထားရသည်။

ရီရီသည် ဘာဘေးဒိုးနိုင်ငံ၏ ပထမဆုံးဘီလျံနာသူဌေးဖြစ်ပြီး forbes မဂ္ဂဇင်းက ၂၀၂၂ ခုနှစ်အတွက် ထုတ်ပြန်သည့် အမေရိက၏အချမ်းသာဆုံး ကိုယ်ထူးကိုယ်ချွန်အမျိုး သမီးများစာရင်းတွင် နံပါတ်(၂၁) နေရာ၌ ရပ်တည်ကာ အသက်အငယ်ဆုံးဘီလျံနာအမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရသည်။

Most Read

Most Recent