COVID-19 ပထမဆုံး လူသားတွင်ကူးစက်မှုစတင်သည့် နေရာအနီးရှိ တရုတ်စျေးတစ်စျေးတွင် စုဆောင်းရရှိထားသောမျိုးရိုး ဗီဇများသည် ဗိုင်းရပ်စ်ပိုးရောစပ်နေသည့် DNA ရှိသော ရက်ကွန်းခွေးကိုပြသနေကာ ဓာတ်ခွဲခန်းမှမဟုတ်ဘဲတိရစ္ဆာန်များမှ ဗိုင်းရပ်စ် စတင်ပေါ်ပေါက်သည့် သီအိုရီအတွက် နောက်ထပ်သက်သေ အထောက်အထားတစ်ခုဖြစ်သည်ဟု နိုင်ငံတကာကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
“ဒီအချက်အလက်ဟာ ကပ်ရောဂါဘယ်လိုစတင်တယ်ဆိုတဲ့ တိကျတဲ့အဖြေကိုမပေးနိုင်ပေမယ့် အချက်အလက်ရဲ့အပိုင်းအစတစ်ခုစီဟာ အဖြေနဲ့နီးလာဖို့ အရေးကြီးပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲတက် ဒရိုအာဒါနွန်ဂီဘရီယေဆုက မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်၏ဇာစ်မြစ်ကို ရှင်းလင်းစွာမသိရှိသေးဘဲ သိပ္ပံပညာရှင်အများအပြားကမူ ယခင်ကအခြားဗိုင်းရပ်စ်အများအပြားကဲ့သို့ပင် တရုတ်နိုင်ငံဝူဟန်မြို့ရှိစျေးတစ်စျေးတွင် ဗိုင်းရပ်စ်သည် တိရစ္ဆာန်များမှ ကူးစက်လာဖွယ်ရှိနေသည်ဟု ယူဆထားကြ သည်။
သို့သော်ဝူဟန်သည် ကိုရိုနာဗိုင်းရပ်စ်များကို စုဆောင်းပြီး လေ့လာမှုပြုလုပ်သည့် ဓာတ်ခွဲခန်းအများအပြားတည်ရှိရာမြို့ဖြစ်ပြီး ဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းတစ်ခုမှယိုစိမ့် ထွက်လာဖွယ်ရှိနေသည်ဟုလည်း သိပ္ပံပညာရှင်များက ဆိုကြသည်။
ယခုတွေ့ရှိချက်အသစ်သည် မေးခွန်းများကို ပြီးဆုံးစေမည်မဟုတ်ဘဲ အခြားကျွမ်းကျင်သူများက ယင်းတွေ့ရှိချက်ကို တရားဝင် စိစစ်သုံးသပ်ခြင်း မရှိသေးသည့်အပြင် အကြိုသုံးသပ်ချက်ဂျာနယ်တွင်လည်း ဖော်ပြထားခြင်းမရှိသေးပေ။
တရုတ်သည် အစောပိုင်းတွင် မျိုးဗီဇအ ချက်အလက်မျှဝေခြင်းမရှိသည့်အပေါ် တက် ဒရိုက ဝေဖန်ခဲ့ပြီး “ဒီအချက်အလက်ကိုလွန်ခဲ့တဲ့ သုံးနှစ်လောက်က မျှဝေထားသင့်ပါတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
ယင်းနမူနာများကို ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းတွင် COVID-19ရောဂါ လူသားများတွင် ပထမဆုံးစတင်ကူးစက်သည့် ဝူဟန်မြို့တွင် ၂၀၂ဝပြည့်နှစ်အစောပိုင်းက ဟွာနန်းပင်လယ်စာစျေးတွင် မျက်နှာပြင်များမှ စုဆောင်းရယူထားခြင်းဖြစ်သည်။
မျိုးရိုးဗီဇအစီအစဉ်များကို တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ သိပ္ပံပညာရှင်များက မကြာသေးမီကကမ္ဘာ့အကြီးဆုံး အများပြည်သူ့ဗိုင်းရပ်စ်အချက်အလက်များထံ ပေးပို့ခဲ့သည်ဟု တက်ဒရိုကပြောကြားခဲ့သည်။
ထို့နောက် ၎င်းတို့ကိုဖယ်ရှားခဲ့သော်လည်း ပြင်သစ်ဇီဝဗေဒပညာရှင်တစ်ဦးသည် အချက်အလက်ကို အမှတ်မထင်တွေ့ရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်၏ဇာစ်မြစ်ကို ရှာဖွေနေသော တရုတ်ပြင်ပမှ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ကို မျှဝေပေးခဲ့သည်ဟုသိရသည်။
ရက်ကွန်းခွေး မျိုးဗီဇအပါအဝင်တော ရိုင်းတိရစ္ဆာန်ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်သည်ဟု လူသိများသော ယင်းစျေးမှစုဆောင်းထားသော COVID-19ကူးစက်ခံထားရသည့် နမူနာအချို့တွင် တိရစ္ဆာန်များသည်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရဖွယ်ရှိသည် ဟူသည့်အချက်အလက်တွေ့ရှိခဲ့သည်ဟု သိပ္ပံပညာရှင်များက ဆိုသည်။ တရုတ်နိုင်ငံရှိအမေရိကန်ရောဂါထိန်းချုပ်ရေးစင်တာမှ ကူးစက်ရောဂါပညာရှင်ရေးရစ်က ယင်းတွေ့ရှိမှုသည် အတိအကျမဟုတ်သည့်တိုင် အရေးပါသည်ဟုပြောကြားခဲ့သည်။














