ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ပသူနမ်း ပလက်တီနမ် စျေးဝယ်စင်တာ အနီးတွင် မြန်မာအမျိုးသမီးတစ်ဦး ဓါးထိုးခံရပြီး သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ပသူနမ်း ပလက်တီနမ် စျေးဝယ်စင်တာ အနီးတွင် မြန်မာအမျိုးသမီးတစ်ဦး ဓါးထိုးခံရပြီး သေဆုံး
Published 10 March 2023

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ ပသူနမ်း ပလက်တီနမ်စျေးဝယ်စင်တာ အပြင်ဘက်တွင် မတ်လ ၉ ရက် မွန်းတည့် ၁၂ နာရီခန့်က မြန်မာလုပ်သား အမျိုးသမီးတစ်ဦးဓါးထိုးခံရကာသေဆုံးခဲ့ကြောင်းသိရသည်။

မြန်မာအမျိုးသမီး  မဖြူမာအောင်ကို ပလက်တီနမ်စျေး လှေကားအနီးတွင် မြန်မာအမျိုးသားတစ်ဦးက ဓါးဖြင့် ထိုးသတ်ခြင်းဖြစ်ပြီး ရင်ဘတ်၊နောက်ကျောနှင့်လက်မောင်းတို့တွင်ဓါးထိုးဒဏ်ရာ ၅ ချက်ဖြင့် သွေးများပေကျံကာလဲနေသည့်အတွက်  Phramongkutlao ဆေးရုံသို့ ဆောင်ပေးကြပြီး ဆရာဝန်များက မိနစ် ၃၀ အကြာ CPR(နှလုံးသွေးကြောဆိုင်ရာ ကယ်ဆယ်ရေး)လုပ်ဆောင်ခဲ့သော်လည်းသေဆုံးသွားခဲ့ကြောင်းသိရသည်။

လုပ်ငန်းအတွင်ဖြစ်သည့်မပြေလည်မှုကို လက်ရောက်မှုမှာ အကြီးဆုံးဖြစ်သော လူသတ်မှုဖြင့်ဖြေရှင်းသည့်အတွက် ထိုင်းရောက်မြန်မာလုပ်သားများအနေဖြင့်နောက်ဆက်တွဲဆိုးကျိုးများစွာဖြစ်လာနိုင်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ  ဦးမ်ိုးကြိုးကပြောသည်။

"ထိုင်းနိုင်ငံခရ်ိုင်ဒေသအသီးသီးမှာ မြန်မာ နိုင်ငံသား အများအပြား နေထိုင်အလုပ် လုပ်ကိုင်နေကြတယ်ဆိုတော့ ဒီလိုဖြစ်ရပ်ဆိုးတွေက တစ်ဒေသမဟုတ်တစ်ဒေသ ဖြစ်နေအုံးမှာဘဲ၊မြန်မာအချင်းချင်းကူညီရိုင်းပင်းရမဲ့အစား လက်ရောက်မှု လူသတ်မှုထိကိုဖြစ်တယ်ဆိုတာ နောက်ဆက်တွဲအကျိုးဆက်တွေက မကောင်းဘူးလေ၊ဒေသခံထိုင်းနိုင်ငံသားတွေက အော့နှလုံးနာတာတွေ၊ရွံရှာတာတွေ၊ အဆက်စပ် မလုပ်ချင်တာတွေ၊ခပ်ကင်းကင်းနေချင်တာတွေ စတဲ့လူမှုရေးပြစ်ဒဏ်တွေ ခံရနိုင်ပါတယ်။လုပ်ငန်းခွင်ထဲမှာ မ ပြေလည်တာကိုလက်ရောက်မှုမှာအကြီးဆုံးဖြစ်တဲ့ လူသတ်မှုနဲ့ဖြေရှင်းလိုက်တဲ့သဘောပဲ၊ခုလောက်ဆိုရင် မြန်မာကောင် လေးကလည်းနောင်တရနေလောက်ပြီ၊ဘယ်လိုဘဲဖြစ်ဖြစ်မြန်မာ အချင်းချင်းကူညီရိုင်းပင်းပြီတယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ဖြေရှင်းရင်ရနိုင်ပါလျှက်နဲ့ လက်ရောက်မှုနဲ့ဖြေရှင်းတာဟာ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ရင်ဆိုင်လာရမှာဖြစ်တဲ့အတွက်မြန်မာလုပ်သားတွေ အများကြီးသတိထားနေထိုင် အလုပ် လုပ်ကိုင်ကြဖို့ လိုအပ်ပါတယ်""ဟုဦးမိုးကြိုးကပြောသည်။

အသက်၃၄ နှစ်အရွယ်ရှိ မဖြူမာအောင်ကို ဓားဖြင့်ထိုးသတ်ခဲ့သူ မှာ သစ်သီးများရောင်းချေသာအလုပ်ရှင်ထံတွင် အလုပ်အတူလုပ်ကိုင်နေသည ့်ကိုသက်လင်းဦး ဆိုသူဖြစ်ပြီးထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ဈေးဝယ်စင်တာလုံခြုံရေး အဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

Source - Thai News

Most Read

Most Recent