ပန်းလှိုင်ဆေးရုံအုပ်စုနှင့် ရိုးမဘဏ်တို့၏ ဝင်ငွေရရှိမှုတိုးတက်လာခြင်းကြောင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်အတွက် FMI ကုမ္ပဏီအုပ်စု၏ဝင်ငွေ ယခင်နှစ်ကာလတူထက် ၁၀ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့

ပန်းလှိုင်ဆေးရုံအုပ်စုနှင့် ရိုးမဘဏ်တို့၏ ဝင်ငွေရရှိမှုတိုးတက်လာခြင်းကြောင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက်အတွက် FMI ကုမ္ပဏီအုပ်စု၏ဝင်ငွေ ယခင်နှစ်ကာလတူထက် ၁၀ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့
ရန်ကုန်မြို့ရှိ ရိုးမဘဏ်၏ ဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ရိုးမဘဏ်၏ ဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်
Published 7 January 2023

ပန်းလှိုင်ဆေးရုံအုပ်စုနှင့် ရိုးမဘဏ်တို့၏ ဝင်ငွေရရှိမှု သိသိသာသာတိုးတက်လာခြင်းကြောင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဝက် အတွက် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ FMI ကုမ္ပဏီအုပ်စု၏ဝင်ငွေမှာ ယခင်နှစ်ကာလတူထက် ၁၀ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဖတ်(စ်)မြန်မာအင်ဖက်(စ်မ)မန့်(န်)အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ- FMI ၏ နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်းအပေါ် စီမံခန့်ခွဲရေးအဖွဲ့၏ဆွေးနွေးချက်များနှင့် လေ့လာသုံးသပ်ချက်များ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖတ်(စ်)မြန်မာအင် ဖက်(စ်မ)မန့်(န်)အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီနှင့်၎င်း၏ လက်အောက်ခံကုမ္ပဏီခွဲများစုပေါင်း၍ ကုမ္ပ ဏီအုပ်စု၏ ဒါရိုက်တာအဖွဲ့သည် ၂၀၂၂  ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသော ခြောက်လတာဘဏ္ဍာရေးနှစ် (၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ဝက်)အတွက် ကုမ္ပဏီ၏ စာရင်းစစ်သုံးသပ်ပြီး ဘဏ္ဍာရေးရှင်းတမ်းများအား ပူးတွဲထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း လုပ်ငန်းများလည်ပတ်ရန် ခက်ခဲမှုများစွာဖြစ်ပေါ်စေခဲ့သော COVID-19 ရိုက်ခတ်မှုမှ သိသိသာသာပြန်လည် ကောင်းမွန်လာခြင်းကြောင့် ကုမ္ပဏီအုပ်စု၏ လုပ်ငန်းများသည်လည်း ပြန်လည်တိုးတက် ကောင်းမွန်လာခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ဝက်အတွက် ကုမ္ပဏီအုပ်စု၏ စုစုပေါင်းဝင်ငွေမှာ ကျပ် ၁၅၉ ဒသမ ၄ ဘီလျံရရှိခဲ့သဖြင့် ၂၀၂၁ ဘဏ္ဍာရေးနှစ်ဝက်၏ စုစုပေါင်းဝင်ငွေ ကျပ် ၁၄၄ ဒသမ ၄ ဘီလျံနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအားဖြင့် ၁၀ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

အဓိကအကြောင်းအရင်းမှာ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ(ရိုးမဘဏ်)နှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ (ပန်း လှိုင်ဆေးရုံအုပ်စု)တို့၏ ဝင်ငွေရရှိမှုမှာ သိသိသာသာ တိုးတက်လာခြင်းတို့ကြောင့်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း၌ COVID-19 ရောဂါကူးစက်ပြန့်ပွားမှု သိသိသာသာကျဆင်းလာသည်နှင့်အမျှ သတ်မှတ်ထားသော ခရီးသွားလာမှုကန့်သတ်ချက်များကို ရုပ်သိမ်းပေးခဲ့ပြီး နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွားလာခွင့်များကိုလည်း ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။

COVID-19 ရောဂါပြန့်ပွားခြင်း၏ ရိုက်ခတ်မှုများကြောင့် ဖြစ်ပေါ်ခဲ့သောအခက်အခဲများနှင့်အတူ နိုင်ငံခြားငွေကြေး စျေးကွက်နှင့် အဓိကစီးပွားရေးအခန်းကဏ္ဍများဖြစ်သော လျှပ်စစ်၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင် သက်ရောက်မှု အချို့ရှိခဲ့သော်လည်း ယခုအခါလုပ်ငန်းများ ပြန်လည်လည်ပတ်လာနိုင်သောကြောင့် တဖြည်းဖြည်းပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း၊ ကုမ္ပဏီအုပ်စုအနေဖြင့် စီးပွားရေးအခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေးနှင့် လုပ်ငန်းရေရှည်တည်တံ့ခိုင်မြဲရေး စသောအချက်များအပေါ် အခြေပြု၍လုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent