■ ဗီလာရီးယဲလ်ခံစစ်အတွဲကို ဘာစီလိုနာအသင်း စောင့်ကြည့်နေ     

■ ဗီလာရီးယဲလ်ခံစစ်အတွဲကို ဘာစီလိုနာအသင်း စောင့်ကြည့်နေ     
Photo: Sky Sports
Photo: Sky Sports
Published 11 November 2022

ဘာစီလိုနာအသင်းသည် ဗီလာရီးယဲလ်အသင်းမှ ခံစစ်အတွဲဖြစ်သည် ့ဖွိုက်သ်နှင့် ကူယန်ကာတို့ကို စောင့်ကြည့်နေကြောင်း သိရသည်။

ဘာစီလိုနာအသင်း၏ အားကစားဒါရိုက်တာအဖြစ် ဆောင် ရွက်နေသည့် ယော်ဒီခရိုက်ဖ်သည် ဗီလာရီးယဲလ်အသင်း၏ ပွဲစဉ်များကို လိုက်လံကြည့်ရှုကာ အဆိုပါကစားသမားနှစ်ဦး၏ ခြေစွမ်းကို လေ့လာနေကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် ဝါရင့်နောက်ခံလူ ပီကေး အနားယူသွားပြီဖြစ်သောကြောင့် ရေရှည်အသုံးပြုနိုင်မည့် ခံစစ်အတွဲကို ရှာဖွေနေခြင်းဖြစ်သည်။ 

ဘာစီလိုနာအသင်းသည် လက်ရှိတွင် အဆိုပါကစားသမားများ၏ အခြေအနေကို စောင့်ကြည့်လျက်ရှိပြီး လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်းလည်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent