■ လိဂ်ဖလားမှ ထွက်ခဲ့ရခြင်းအတွက် အာတီတာ တောင်းပန်

■ လိဂ်ဖလားမှ ထွက်ခဲ့ရခြင်းအတွက် အာတီတာ တောင်းပန်
Photo: Getty Images
Photo: Getty Images
Published 11 November 2022

အာဆင်နယ်အသင်း၏နည်းပြ အာတီတာသည် လိဂ်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းအတွက် ပရိသတ်များကို တောင်းပန်ခဲ့ကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နိုင်ပွဲဆက်နေသော်လည်း လိဂ်ဖလားတွင် ဘရိုက်တန်ကိုရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။ 

ယင်းအတွက် အာတီတာက "တစ်ခါတလေ ဘောလုံးလောကမှာ ကိုယ်နဲ့ထိုက်တန်တာကို မရတတ်ပါဘူး။ ဒီနေ့ အဲဒီလိုဖြစ်ခဲ့တယ်လို့ပဲ ထင်ပါတယ်။ ကျွန်တော်တို့လိုချင်တာ ဒီရလဒ်မဟုတ်ပါဘူး။ ဒီအတွက် အရမ်းစိတ်မကောင်းဘူးလို့ပဲ ပြောပါရစေ"ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် လိဂ်ဖလားတတိယအဆင့်မှ ထွက်ခွာခဲ့ရသော်လည်း ပရီးမီးယားလိဂ် (၁၃) ပွဲကစားပြီးချိန်တွင် (၁၁) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၁) ပွဲရှုံး၊ ရမှတ် (၃၄) မှတ်ဖြင့် ဒုတိယနေရာမှ မန်စီးတီး (၃၂ မှတ်)ကို (၂) မှတ်ဖြတ်ကာ ဦးဆောင်နေသည်။ 

ထို့ပြင် အာဆင်နယ်အသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း ရှုံးထွက် (၁၆) သင်းအဆင့်သို့ တက်ရောက်ထားသည်။ 

Most Read

Most Recent